အခန်း (၁၂၁) ဖုံးကွယ်မထားချင်တော့

5K 691 58
                                    

အခန်း (၁၂၁) ဖုံးကွယ်မထားချင်တော့

ချန်အန်းအမေးမှာလုဖုန်းကြောင်အသွားရသည်။ ဒီလိုမေးခွန်းမျိူးအမေးခံရလိမ့်မယ်လို့သူတစ်ခါမှထင်မထားတာကြောင့် တကယ်ကိုရှက်သွားရသည်။ လုဖုန်းဆိုတာ အပျော်အပါးကင်းသည့်ယောက်ျားတစ်ဦးဖြစ်ပြီး ချန်ကျန်းအန်းနဲ့မတွေ့ခင်တည်းက မိန်းမယောက်ျား ဘယ်သူနဲ့မှရင်းနှီးခဲ့ဖူးခြင်းမရှိပေ။ ချန်ကျန်းအန်းထွက်သွားချိန်မှာတော့ သူ့မှာတပ်မက် စိတ်များလုံးဝပျောက်ဆုံးသွားခဲ့သည်။
ဒါပေမယ့်နှလုံးသားကတော့ တစ်စုံတစ်ခုကိုတောင်းဆိုနေဆဲပင်။ သူအတင်းအကြပ်ဖိနှိပ်ထားတာတောင်မှပျောက်ကွယ်မသွားနိုင်ဘဲခေါင်းမာစွာရှိနေသည်။ သူဘယ်ချိန်က နောက်ဆုံးလိင်ဆက်ဆံခဲ့တာလဲ။ အမှန်ပြောရရင် လုဖုန်းမမှတ်မိတော့ပါ။

သူတီဗီရီမုတ်ကိုလှမ်းယူပြီး တီဗီကိုပိတ်လိုက်သည်။ အပြာကားမှထွက်နေသည့်အသံများလည်းရပ်သွား၏။ အခန်းတွင်းမီးများလည်းပိတ်သွားပြီး လုဖုန်းက ''အိပ်တော့ '' ဆိုသည့်စကားတစ်ခွန်းနဲ့ စောင်ကိုဆွဲကာ ခေါင်းမြှီးခြုံလိုက်သည်။

နေပါဦး သူက ဘာကိုရှက်နေတာလဲ ။
ချန်အန်း ဟန့်လိုက်ပြီး မျက်လုံးတွေကိုမှိတ်လိုက်သည်။ သူတစ်ယောက်တည်းအိပ်နေကျမို့ သူ့ဘေးမှာလူတစ်ယောက်ရှိနေတာက တကယ်ထူးဆန်းတယ်လို့ခံစားရတယ်။

လုဖုန်းကတော့ အိပ်ပျော်သေးပုံမရ ဘာလို့ဆိုသူအသက်ရှုသံကအိပ်ပျော်နေတဲ့သူလို ငြိမ်မနေဘူး။ ရှိုကျရှိုကျအသကျရှူ​ေနပံုအရ စိတ်လှုပ်ရှားနေသည့်ပုံပေါ်သည်။ တစ်ခဏကြာတိတ်ဆိတ်သွားတော့ လုဖုန်းက ချန်အန်းကိုကျောပေးကာတစ်ဖက်လှည့်သွားသည်။

အမှောင်ထဲမှာ အိပ်မပျော်သေးတဲ့ချန်အန်းကတော့ လုဖုန်းကိုကုတင်ပေါ်က ကန်ချရမလားဟုတွေးနေ၏။ ဒါပေမယ့်သိပ်မကြာလိုက် ရုတ်တရပ် တိုးညှင်းသည့်အသံတစ်ခုကိုသတိထားမိလိုက်သည်။ ထို့အသံကအိမ်မက်ဆိုးမက်နေသည့် ကလေးငယ်၏ငြီးငြူသံနှင့်ဆင်လှသည်။

''အင်း...'' တိုးညှင်းသော်လည်းပြတ်သားသည့်အသံတစ်ခုက တည်ညိမ်နေသည့် ကန်ရေပြင်ထဲကျောက်ခဲ့တစ်လုံးပြုတ်ကျပြီး ရေလှိုင်းထကာ အနားရှိသစ်ပင်ပေါ်မှ ငှက်များထပျံသွားစေသလို ချန်အန်းခေါင်းထဲပေါက်ကွဲသွားသည်။ လုဖုန်းဟာမအိပ်သေးဘဲ စောင်အောက်မှာ မပြောကောင်းတဲ့အရာလုပ်နေမှန်းသူ ချက်ချင်းသဘောပေါက်လိုက်သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now