အခန်း (၁၉) အ​မှောင်​​လောက

13K 1.6K 13
                                    

အခန်း (၁၉) အ​မှောင်​​လောက

ဗီယမ်​နမ်​မှာ စစ်​တပ်​အတွင်းတာဝန်​ထမ်း​ဆောင်​​နေတဲ့ လူက၄၁.၂သန်း​လောက်​ရှိပြီး တပ်မ​တော်​၈ခုနှင့်​အထူးတပ်​မ​တော်​၂ခုပိုင်းခြားထားသည်​။ ဌာန၁၄ခုရှိပြီး ​ခြေလျင်​တပ်​၅၈ခု၊ တင့်​ကားတပ်​ ၆ခု၊ ကျည်​ကာကြည်းတပ်​၁၀ခု၊ သီးခြား​ခြေလျင်​တပ်​ရင်း၁၅ခု၊ အထူး​လေ့ကျင့်​​ရေးတပ်​သား​တွေ ( ​လေတပ်​နဲ့ဒုစရိုက်​​ကောင်​နှိမ်​နင်း​ရေးအဖွဲ့အပါအဝင်​) ၊ အ​မြောက်​တပ်​၁၀ခု၊ အင်​ဂျင်​နီယာအဖွဲ့အစည်း၈ခု၊ ၁၀ခု ၁၆ခု​လောက်​ရှိတဲ့ ဘဏ္ဍာ​ရေးအဖွဲ့အစည်း​တွေ ပြီး​တော့ သီးခြားအင်​ဂျင်​နီယာအဖွဲ့အစည်းအခု၂၀ အသီးသီးရှိကြသည်​။ ဒီ​လောက်​စစ်​တပ်​အင်​အားရှိတာ​တောင်​ နိုင်​ငံကြီး​တွေနဲ့ယှဉ်​လို့မရ​သေးဘူး။ ဒါ​ပေမယ့်​ အ​ရှေ့​တောင်​အာရှမှာ​တော့ဒုတိယ​နေရာလို့ဆိုလို့ရတယ်​။ အရင်​ကလူ​တွေက​တော့ဗီယမ်​နမ်​ကို ​တောင်​နဲ့​မြောက်​နှစ်​ပိုင်းထားတယ်​ ဒါ​ပေမယ့်​အခု​တော့တစ်​ခုထဲ​ပေါင်းစည်းခဲ့တာကြာပြီ။ နယ်​​မြေနှစ်​ခုက​ပေါင်းစည်းခဲ့တာဆယ်​စုနှစ်​ကြာပြီဆို​ပေမယ့်​လည်း အကြားမှာစိတ်​ဝမ်းကွဲတာမျိုး​တော့ရှိ​နေ​သေးတယ်​။ အ​ကြောင်းအရင်းကတိုင်းရင်းသားမျိုးနွယ်​စုကြားပဋိပက္ခ​တွေနဲ့ မပြီးဆုံးနိုင်​​သေးတဲ့ပြည်​တွင်းစစ်​ပွဲအကျွင်းအကျန်​​တွေ​ကြောင့်​ပဲ။ ဖိလစ်​ပိုင်​နဲ့ ဗီယမ်​နမ်​လို စစ်​ပွဲအ​သေးစား​တွေဆက်​ဖြစ်​​နေတဲ့နိုင်​ငံမျိုးက သူတို့လိုလက်​နက်​အ​ရောင်းဝယ်​သမား​တွေအတွက်​​ငွေတွင်း​ပေါ့။ အဲ့လိုလက်​နက်​​တွေကို လက်​နက်​မည်း​တွေလို့​ခေါ်ကြတယ်​။

အဖွဲ့အစည်း​တွေကဘယ်​​လောက်​ပဲထိန်းချူပ်​ဖို့ကြိုးစားကြိုးစား လက်​နက်​​မှောင်​ခိုတင်​သွင်းမှု​တော့မတားမြစ်​နိုင်​ဘူး။ ပြီး​တော့ဒီလိုအ​ရှေ့ဖျား​ဒေသ​တွေက လက်​နက်​ရိက္ခာအတွက်​အရင်းအမြစ်​​နေရာလို့​တောင်​​ပြောလို့ရတယ်​။

ပေါ့​ပေါ့ပါးပါးရှပ်​တစ်​ထည်​နဲ့ဂျင်းတစ်​ထည်​ကိုဝတ်​ပြီး လိုက်​ဖက်​တဲ့ဖိနပ်​ကိုတွဲစီးလိုက်​​တော့ချန်​အန်းပုံစံကအလည်​လာတဲ့ ခရီးသွားတစ်​​ယောက်​နဲ့မခြားဘူး။ SLR ကင်​မရာတစ်​လုံးနဲ့ ရှုခင်း​တွေကိုဓာတ်​ပုံလိုက်​ရိုက်​ပြီး မြို့ထဲကလမ်း​တွေ​လျှောက်​သွားလိုက်​တယ်​။ ​လျှောက်​သွားပြီးပင်​ပန်းလာ​တော့ ချန်​အန်းCafeတစ်​ခုထဲဝင်​နားလိုက်​သည်​။ ပြင်​သစ်​နယ်​ချဲ့ခြင်းခံခဲ့ရတဲ့အတွက်​ အ​ဆောက်​အအုံ​တွေရဲ့ဗိသုကာလက်​ရာ​တွေဟာ ပြင်​သစ်​အ​ငွေ့အသက်​​တွေလွှမ်းခြုံ​နေဆဲပဲ။ Church ​ကျောင်း​တွေအပြင်​ Cafe​တွေဟာလည်း လမ်းတစ်​​လျှောက်​စည်​ကား​နေတယ်​။
ရိုးရိုး​ကော်​ဖီတစ်​ခွက်​မှာပြီး​နောက်​ ချန်​အန်းလွယ်​အိတ်​ထဲကစာအုပ်​ကိုထုတ်​လိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now