အခန်း(၂၄) ခိုးကြည့်​ခြင်း

12K 1.6K 52
                                    

အခန်း(၂၄) ခိုးကြည့်​ခြင်း

အ​တွေ့အကြုံ့ရင့်​ကျတ်​ပြီးသားအင်​တာ​နေရှင်​နယ်​ရဲတစ်​​ယောက်​အ​နေနဲ့ တင်းရှန်းသူ့နည်းသူ့ဟန်​နဲ့အိုင်​ဗန်​အခန်းထဲကထွက်​သွားနိုင်​တယ်​။
အ​တွေ့အကြုံရင့်​ကျတ်​ပြီးသားလက်​နက်​ရာဇတစ်​​ယောက်​အ​နေနဲ့ ချန်​အန်းကလည်းသူ့အကူအညီမပါပဲ တင်းရှန်းထွက်​သွားနိုင်​တာသိတယ်​။ ဒါ​ပေမယ့်​လည်းဘာဖြစ်​လဲ သူဆင်​ထားတဲ့showအတိုင်းသူပီပြင်​​အောင်​ဆက်​သရုပ်​​ဆောင်​ပြမှာပဲ။

တင်းရှန်းရဲ့သရုပ်​မှန်​ကိုမသိချင်​​ယောင်​​ဆောင်​ပြီး ချန်​အန်းတိတ်​တိတ်​​နေဖို့အမူအရာပြလိုက်​တယ်​။ ပြီး​တော့ တင်းရှန်းကို​နောက်​လှည့်​ခိုင်းလိုက်​တယ်​။ တင်းရှန်းက​တော့နားမလည်​ပဲ​ကြောင်​​တောင်​​တောင်​ဖြစ်​​နေတယ်​။ တစ်​စုံတစ်​​ယောက်​ကို​ကျော​ပေးတာဟာအန္တရာယ်​များမှန်းသူ့လိုလူကမသိပဲ​နေမလား။ အယုံကြည်​ရဆုံးမိတ်​​ဆွေကို​တောင်​​ကျောမ​ပေးထား​ကောင်းဘူး။

ချန်​အန်း​ရေပန်း​အောက်​မဝင်​ခင်​အဝတ်​​တွေကိုအရင်​ချွတ်​လိုက်​တယ်​။ သူအဝတ်​စိုကြီး​တွေနဲ့အပြင်​ထွက်​လို့မဖြစ်​တာပဲ။

"ကျွန်​​တော်​..''

တင်းရှန်းသူ့စကားမဆုံးခင်​မှာပဲ ချန်​အန်းကသူ့လက်​​မောင်းနှစ်​ဖက်​လုံးကိုဆွဲ ပြီး နံရံနားကပ်​ထားလိုက်​သည်​။ ပြီး​တော့နားနားကပ်​ပြီးအသံတိုးတိုးဖြင့်

"ငါတို့နှစ်​​ယောက်​လုံးက​ယောက်ျား​တွေဆို​ပေမယ့်​ ငါ​ရေချိုး​နေတဲ့အချိန်​သူများကြည့်​တာငါမကြိုက်​ဘူး။ လှည့်​မလာနဲ့''

"နားလည်​လား''

"ဟုတ်​ကဲ့'' တင်းရှန်းပြန်​​ဖြေလိုက်​သည်​။ဒါသူ့ဘဝမှာသုံးလပဲသိရ​သေးတဲ့လူတစ်​​ယောက်​ကိုပထမဦးဆုံးယုံကြည်​မိခြင်းပဲ။

ဇိမ်​ခံသ​ဘောင်္ရဲ့VIPအခန်းဆို​ပေမယ့်​လည်း ​ရေချိုးခန်းက​တော့ဟိုတယ်​ကြီး​တွေက​ရေချိုးခန်း​လောက်​မ​ကောင်းဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now