အခန်း (၁၃၂) တင့်ကားသွားထုတ်ရအောင်

1.5K 262 9
                                    

အခန်း (၁၃၂) တင့်ကားသွားထုတ်ရအောင်

ထွက်ပြေးသွားသူများကတင်းရှန်းကို'မိစ္ဆာ'ဟုထင်နေကြစဥ် အကယ်ခံရသည့်မိန်းကလေးငယ်ကတော့ 'နတ်ဘုရား'ဟုထင်နေသည်။

တင်းရှန်းကမိန်းကလေးကိုဆွဲထူလိုက်ပြီး ''ကျူပ်ကမိစ္ဆာလည်းမဟုတ်ဘူးနတ်လည်းမဟုတ်ဘူး။ ရှောင်းကျယ် (မိန်းကလေး) အဲ့လူတွေကဘယ်သူတွေလဲဒါကဘယ်နေရာလဲ။''

'' ကျွန်...ကျွန်မက ရှောင်းကျယ် (မမလေး) မဟုတ်ရပါဘူး'' မိန်းကလေးငယ်ကလက်ကိုအမြဲဝေ့ရမ်းပြီးအလောအသောရှင်းပြ၏။''ကျွန်မကအစေခံလေးတစ်ယောက်ပါ။''

အစေခံ? တင်းရှန်းနားမလည်တော့ဘဲခေါင်းကုပ်မိသည်။ သူတို့မဟုတ်မှလွဲရော တရုတ်နိုင်ငံရဲ့အခေါင်အဖျားဒေသတစ်ခုမှာရောက်နေတာလား။ ဒါပေမဲ့ယုတ္တိတော့မရှိ အရှေ့အလယ်ပိုင်းဒေသနဲ့အာရှတိုက်ဟာမြေပုံထဲမှာသာနီးသည်လေ။

တင်းရှန်းနှင့်မိန်းကလေးငယ်၏စကားကလိုရာကိုမရောက်နိုင်တော့တာကိုကြည့်ရင်း ချန်အန်းကခြေလှမ်းကျဲများနှင့်လျှောက်လာလိုက်သည်။ '' ကျူပ်တို့ကတကယ်တော့ အမတတွေပါ။ကျူပ်တို့ရဲ့နတ်စွမ်းအားတွေအတွက်တောထဲမှာကျင့်ကြံနေတာ။ မင်းဒုက္ခရောက်နေတာကိုမင်းလို့ကယ်တင်ပေးတာ။အခုကျူပ်တို့မေးတာကိုအမှန်တိုင်းဖြေဟုတ်ပြီလား။''

ဘာအမတတုန်း? လို့တင်းရှန်းမေးလုနီးမှာပဲ ချန်အန်း၏လိမ်ဆွဲခြင်းကိုခံလိုက်ရပြီးအသံတိတ်သွားသည်။
လူထွားကြီးများပြန်လာခဲ့လျင်ပြသာနာပိုရှုပ်မှာစိုး၍ ချန်အန်းနှင့် တင်းရှန်းလည်း ပွန်းပဲ့ရာများနှင့်မိန်းကလေးကိုလေယာဥ်ဆီသို့ခေါ်ခဲ့လိုက်သည်။ အထဲမဝင်မီမိန်းကလေးငယ်မှာအကြိမ်များစွာကန်တော့လေသည်။ ဤလူများကအမတအရှင်များဖြစ်ကြလျင် ဤငှက်နှင့်တူသည့်ဧရာမအရာကသူတို့၏နတ်သားရဲဖြစ်မည်မဟုတ်လား။ မိန်းကလေးငယ်ကအစကသူမငှက်ကြီးထဲဝင်သွားလျင်ပြန်မထွက်နိုင်မှာစိုးရိမ်နေသေးသည်။ ဒါပေမဲ့လည်းသူမကယ်တင်ရှင်ဖြစ်တဲ့သူတွေကသူမကိုဘာကြောင့်ထိခိုက်အောင်လုပ်ပါ့မလဲ။ ထို့ကြောင့်အရဲစွန့်ကာအထဲကိုလိုက်ဝင်လိုက်ခဲ့ရာ အတွင်းမှထူးခြားသည့်ပစ္စည်းများကိုကြည့်ပြီး ဤပုဂ္ဂိုလ်နှစ်ဦးကအမှန်ပင်အမတအရှင်များဖြစ်သည်ဟုယုံကြည်သွားသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now