အခန်း(၅၂) ဂိမ်းအ​သေးစား

9.2K 1.3K 64
                                    

အခန်း(၅၂) ဂိမ်းအ​သေးစား

ယခု ဆီးရီးယားမှာ အစိုးရဖွဲ့နှစ်​ဖက်​နှင့်​ တသီးပုဂ္ဂလစစ်​တပ်​အပြင်​ ပြည်​တွင်းစစ်​တပ်​အချို့လည်းရှိ​နေကြသည်​။ အခုချန်​အန်းရဲ့လက်​နက်​​တွေကို ဝယ်​ယူမယ့်​သူက​ကော ဗိုလ်​ချူပ်​ Assad ဖြစ်​သည်​။

(T- dictionary say 'အာဆတ်​')

အရင်​တုန်းက ချန်​အန်း ဗိုလ်​ချူပ်ကြီးAssadအ​ဖေနှင့်​စီးပွား​ရေး အတူလုပ်​ခဲ့ဖူးသည်​။ဒီပြည်​တွင်းစစ်​တပ်​ကလည်း သူသား​ကြောင့်​နံမည်​ကြီးတာဖြစ်​တယ်​။ Assadက သူ့ဖခင်​နှင့်​မတူ ပညာတတ်​​သော​ကြောင့်​ အကြံအဥာဏ်​လည်းအများကြီးရှိသည်​။

ဝံပု​လွေရိုင်းက Assad လက်​​အောက်​မှာ ဗိုလ်​ချူပ်​တစ်​ဦးဖြစ်​သည်​။ သူဒီ​ရောက်​တာ သုံးနှစ်​သာရှိ​သေး​ပေမယ့်​လည်း ငယ်​စဉ်​ကတည်းက စစ်​ပွဲကြားမှာကြီးပြင်းခဲ့သူမို့ ယခုလိုAssad၏ လက်​​အောက်​တွင်​ နှစ်​အကြာကြီးအသက်​ရှင်​​နေခြင်းဖြစ်​သည်​။

လက်​နက်​သယ်​ယူပို့​ဆောင်​ခြင်းအလုပ်​က အမြဲလိုအန္တရာယ်​များပြီးတာဝန်​ကြီးတာ​ကြောင့်​ ဒီအလုပ်​ကို ဝံပု​လွေရိုင်းကကိုယ်​တိုင်​တာဝန်​ယူသည်​။ Assad၏ ယုံကြည်​မှုအပြင်​ ဝံပု​လွေ၏ လက်​​အောက်​တွင်​ထိန်းချူပ်​ထားသည့်​လက်​နက်​များလည်းရှိသည်​။

သူတို့အ​နေနဲ့ အရည်​အ​သွေးမြင့်​ ပထမတန်းလက်​နက်​များကိုမဝယ်​နိုင်​​ပေမယ့်​လို့လည်း အသုံးပြုလို့မရနိုင်​သည့်​ လက်​နက်​များအတွက်​ကို​ငွေကိုမဖြုန်းချင်​ကြ​ပေ။ ဒီတစ်​ခါ ချန်​အန်းနဲ့ Assadရဲ့အဆက်​အသွယ်​က​တော့ လွန်​ခဲ့တဲ့ဆယ်​နှစ်​​ကျော်​က ဆတ်​က​လေးအ​ဖေနဲ့ခင်​မင်​မှု​ကြောင့်​ပဲ။

"ဗိုလ်​ချူပ်​ကြီးက​ပြောတယ်​ ခင်​များက ​လောင်​စစ်​ ဆို'' ဝံပု​လွေက သူတို့ယူလာတဲ့လက်​နက်​​တွေကိုစစ်​ပြီး အပြုံးချိုချိုနှင့်​ အင်္ဂလိပ်​လို​ပြောပြီး စကားစမြည်​​ပြောသည်​။

စီးကရက်​တစ်​လက်​ကိုပါးစပ်​မှာကိုက်​ပြီး ဝံပု​လွေက AK74U တစ်​လက်​ကိုဆွဲကိုင်​လိုက်​သည်​။ ကျည်​ဖြည့်​ပြီး​နောက်​ ပတ်​ဝန်းကျင်​အလွတ်​တစ်​ခုသို့ ​ဖောင်းခနဲမြည်​သံဖြင့်​ပစ်​လိုက်​သည်​။ အဝါ​ရောင်​မီးခိုး​ငွေ့များက သူ့နားတွင်​ရစ်​ဝိုင်းသွားသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now