အခန်း(၄၉) စတင်​ထွက်​ခွာ

10.3K 1.4K 91
                                    

အခန်း(၄၉) စတင်​ထွက်​ခွာ

"ရှင်​တို့ခရီးထွက်​မလို့လား?''

စားပွဲခုံကိုသန့်​ရှင်း​ရေးလုပ်​​နေသည့်​ဝမ်​လီက သူမ​ရှေ့တွင်​ အခန်း​သော့ကဒ်​ကိုင်​လျှက်​ရပ်​​နေသည့်​လူငယ်​​လေးကိုကြည့်​ပြီး​မေးလိုက်​ခြင်းဖြစ်​သည်​။

"ဒီအချိန်​အ​တောအတွင်းမင်းအရင်​လိုပဲသန့်​ရှင်း​ရေးလာလုပ်​ရမယ်​။ မင်းလစာကို မင်း credit cardက​နေတစ်​ဆင့်​လွှဲ​ပေးထားတယ်​။ အ​ကြောင်းတစ်​စုံတစ်​ခုရှိရင်​တော့ ကျွန်​​တော့်​ကို လိုင်းက​နေဆက်​သွယ်​လိုက်​​ပေါ့''

ချန်​ယန်းကထိုသို့​ပြောပြီးသူ့အခန်းသူပြန်​ အထုပ်​ပြင်​​လေသည်​။ ဝမ်​လီလည်းထွက်​သွားတဲ့ချန်​ယန်း​ကျောပြင်​ကိုတစ်​လှည့်​ လက်​ထဲအခန်း​သော့ကဒ်​ကိုတစ်​လှည့်​ကြည့်​မိသည်​။

သူမဒီမှာအိမ်​အကူလုပ်​​နေတာလအ​တော်​ကြာပြီ။ အစက​တော့ ချန်​အန်းမကြာခဏပဲလာတာ​တွေ့ရ​ပေမယ့်​ အခု​နောက်​ပိုင်း​တော့ ချန်​အန်းနဲ့ချန်​ယန်းနှစ်​​ယောက်​အတူဒီတိုက်​ခန်းမှာ​နေကြတာ​တွေ့ရတယ်​။ သန့်​ရှင်း​ရေးနဲ့အိမ်​အလုပ်​​တွေကလွဲရင်​ ဝမ်​လီသူတို့နဲ့စကား​ပြောတာရှားတယ်​။

လူချမ်းသာ​တွေအိမ်​မှာ​နေပြီးအလုပ်​မလုပ်​ခင်​ကတည်းက လူချမ်းသာ​တွေက ကိုယ်​​ရေးကိုယ်​တာအရမ်းကိုသိုသိပ်​တယ်​ဆိုတာ ဝမ်​လီသိတာ​ပေါ့။ ဒါ​ကြောင့်​လည်း သူမဘာကိုများများမ​မေးရဲဘူး။ ချန်​ယန်းနဲ့သူနဲ့​ကျောင်းတူတယ်​ဆိုတာကလွဲရင်​ ကျန်​တာကသူမ မသိတာချည်းပဲ။ တကယ်​ကိုမထင်​မိတာက ချန်​ယန်းဟာ ​ကျောင်းကိုစက်​ဘီးနဲ့ပဲလာ​လေ့ရှိတယ်​။ သာမန်​က​လေး​တွေလိုပဲသူပုံစံကချမ်းသာတဲ့က​လေးနဲ့မတူဘူး။ ဝမ်​လီသာဒီမှာအလုပ်​မလုပ်​ရင်​ ချန်​ယန်းကသူ​ဋ္ဌေးသားတစ်​​ယောက်​ဆိုတာသိမှာမဟုတ်​ဘူး။

တစ်​​နေ့တာအလုပ်​ပြီးသွားပြီး​တော့ ​ကျောင်းပြန်​တက်​ဖို့ကိစ္စအတွက်​ ချန်​အန်းကိုခွင့်​​တောင်းဖို့ ဝမ်​လီ​စောင့်​​နေလိုက်​တယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now