အခန်း(၆၁) အ​ဖြေမှန်

8.8K 1.2K 71
                                    

အခန်း(၆၁) အ​ဖြေမှန်

အိုင်​ဗန်​က ချန်​အန်းရဲ့အ​ဖြေကို မဟုတ်​ဘူးလို့တိုက်​ရိုက်​မငြင်းပါ။ ဒါ​ပေမယ့်​လို့ အံ့သြသွားသည်​ကို​တော့ မျက်​လုံးကဖုံးကွယ်​မရ​။ ''မင်းဘာလို့ ကိုယ့်​ကိုလက်​နက်​​တွေနဲ့ပတ်​သက်​နေလိမ့်​မယ်​လို့ထင်​တာလဲ''

သာမန်​လူ​တွေအတွက်​က လက်​နက်​ဆိုတာ​ဝေးလွန်းတဲ့အရာပဲ။ ချန်​အန်းရဲ့အ​ဖြေက ချွင်းချက်​မရှိမှန်​တယ်​။ တစ်​ချိန်​ထဲမှာပဲ အိုင်​ဗန်​စိတ်​ဝင်​စားမိတယ်​။ ဒီလူဘယ်​လိုလုပ်​သိတာလဲ။ ရိုးမှရိုးရဲ့လား။ တကယ်​ပဲ ကြက်​ကန်းဆန်​အိုးတိုးတာလား။

"မင်းရဲ့ညာလက်​ကိုထုတ်​လိုက်​'' ချန်​အန်း က လက်​ကိုထုတ်​ပြီး​ပြောလိုက်​သည်​။

အိုင်​ဗန်​က ပြုံးပြီး သူ့ညာလက်​ကို​ရှေ့ထုတ်​​ပေးလိုက်​သည်​။ ချန်​အန်း အိုင်​ဗန်​ရဲ့လက်​ဖဝါးကိုကိုင်​ပြီး လက်​ညှိုး၊ကျားပါစပ်​နဲ့ လက်​ဖဝါးပုံစံကိုပြလိုက်​သည်​။ (ကျားပါးစပ်​-လက်​မနဲ့လက်​ညှိုးကြားက​နေရာလွတ်​)

ချန်​အန်း၏ လက်​​ချောင်း​ပျော့​ပျော့တို့ အိုင်​ဗန်​လက်​ဖဝါး​ပေါ်ဖြတ်​သွားစဉ်​ ပါးလွှာသည်​အရည်​ပြားကိုခံစားရသည်​။ သာမန်​အားဖြင့်​ သတိထားမိဖို့မလွယ်​​သော်​လည်း ​သေချာထိ​တွေ့ကြည့်​ရင်​သိသာသည်​။

"မင်း မ​နေ့က ငါ့လက်​ကိုကိုင်​​တော့ မင်းလက်​အရည်​ပြား​တွေကပါးတာသတိထားမိတယ်​။ငါ တီဗီမှာ​တွေ့တာ စစ်​သားတစ်​ချို့ကသူတို့လက်​ကို တစ်​ခုခု​ပေါ်ဖိထား​လေ့ရှိတယ်​တဲ့။ ဘာလို့ဆိုသူတို့က ​သေနတ်​ကိုအမြဲကိုင်​လို့အကျင့်​ပါ​နေတာ ။ပြီး​တော့သူတို့ ကျားပါးစပ်​နဲ့ လက်​ဖဝါးမှာ အသားမာတစ်​ချို့ ရှိ​နေတယ်​။ မင်းလက်​လိုပဲ''

ချန်​အန်း အိုင်​ဗန်​ မျက်​နှာကို ကြည့်​လိုက်​ပြီး လက်​ကိုပြန်​ငုံ့ ကြည့်​ကာဆက်​​ပြောလိုကသည်​။ ''​ရှေ့တန်းကစစ်​သား​တွေကလွဲရင်​ သာမန်​လူမ​ပြောနဲ့စစ်​သား​တွေ​တောင်​​နေ့တိုင်း ​သေနတ်​ကိုင်​စရာမလိုဘူး။ကိုင်​ခွင့်​လည်းမရှိဘူး။ အ​ဖြေက မင်းက လက်​နက်​အ​ရောင်းအဝယ်​သမားတစ်​​ယောက်​ပဲ။ မင်း​သေနတ် နဲ့ကျည်​ ​​​တွေကို သုံးစရာမလိုပဲ အလကားဖြုန်းတီးလို့ရတယ်​​လေ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now