အခန်း (၁၄၁) ကိုယ်ပြုသမျှကိုယ်ခံ

1.4K 256 4
                                    

အခန်း (၁၄၁) ကိုယ်ပြုသမျှကိုယ်ခံ

ချန်းအန်းပြောတဲ့တောင်းဆိုချက်ကတော့ရှင်းတယ်။ စစ်သူကြီးနဲ့ဝမ်ရယ်ကိုတစ်ယောက်စီသီးသန့်တွေ့ပြီးစကား​ပြောချင်တာပဲ။

စစ်သူကြီးနဲ့မင်းသားကတော့ကြားကြားချင်းအံ့ဩသွားတယ်။သူတို့ကချန်အန်းကိုမဖြစ်နိုင်တဲ့အရာမျိူးတောင်းဆိုမယ်ထင်ထားတာလေ။ ဥပမာစည်းစိမ်၊အာဏာ၊ရာထူးလိုမျိုးပေါ့။တစ်ယောက်ချင်းစကားပြောတာကတော့မထင်မှတ်တဲ့အပေးအယူပဲ။

ဒါပေမဲ့ချန်အန်းတစ်ခုတော့ဖြည့်ပြောထားတယ်။ နှစ်ယောက်လုံးသူ့ကိုလုံးဝမလိမ်ရဘူးဆိုတဲ့အချက်။

''အဲ့တာပြီးလို့တိုင်းတစ်ပါးကျူးကျော်တဲ့ကိစ္စကျူပ်ဘာမှလုပ်မပေးနိုင်ရင်တင်းရှန်းနဲ့ကျူပ်ကိုခင်များတို့ကြိုက်သလိုစီရင်နိုင်တယ်။ အရှုံးမရှိဘူးမလား။''

ချန်အန်းအနေနဲ့လေကြီးလေကျယ်တာတော့မဟုတ်ဘူး။သူသာသွေးမြေမကျဘဲတိုင်းတစ်ပါးစစ်တပ်ကြီးကိုလှည့်ပြန်အောင်လုပ်နိုင်ရင်စစ်သူကြီးနဲ့မင်းသားကမိုးနတ်မင်းကောင်းချီးပေးခံရသလိုဖြစ်မှာလေ။

တကယ်လို့များသူမလုပ်နိုင်ခဲ့ဘူးဆိုလည်း ဒီတိုင်းပြည်ကအခုထက်ပိုဆိုးစရာလည်းမရှိတော့ဘူး။သူတို့ဘာမှဆုံးရှုံးစရာမရှိတာကအမှန်ပဲ။ မေးစရာကတော့ချန်အန်းသူတို့နဲ့ဘာအကြောင်းပြောချင်တာလဲဆိုတာပဲ။

ချန်အန်းဘက်က စစ်တပ်နဲ့ပက်သက်တဲ့အတွင်းရေးတွေ နန်းတွင်းနဲ့ပတ်သက်တဲ့ထိပ်သီးလျှိူ့ဝှက်ချက်လိုမျိူးတွေကိုမမေးဘူးလို့ကတိပေးထားတယ်။  ဆိုတော့ထူးဆန်းတဲ့အချက်ကလွဲရင်ဧကရာဇ်နဲ့တူတဲ့ဒီလူရဲ့တောင်းဆိုချက်ကိုစစ်သူကြီးနဲ့မင်းသားငြင်းစရာမရှိဘူးလေ။

ပထမဦးဆုံးချန်အန်းစကားပြောချင်တဲ့သူကစစ်သူကြီးလုဖုန်းမဟုတ်ဘူး။ မင်းသားချန်ယန်းပဲ။ တွေ့တာသုံးရက်တောင်မကြာသေးဘူးဆိုပေမဲ့ဧကရာဇ်မှတ်ဥာဏ်တွေအရတော့အတော်လေးရင်းနှီးမှုရှိတယ်။

ချန်အန်းကနတ်ရွာစံဧကရာဇ်ရဲ့စာကြည့်ခန်းကိုခဏငှားပြီး သူတို့တွေ့ဆုံမယ့်နေရာကိုသက်မှတ်လိုက်တယ်။ စာကြည့်ခန်းကအသုံးမပြုတာအတန်ကြာပြီဆိုတော့တံခါးဖွင့်လိုက်နဲ့ဖုန်နံ့တန်းရတယ်။စားပွဲတစ်လျှောက်ကိုလက်နဲ့ဆွဲကြည့်
တော့လက်မှာဖုန်တွေအတိုင်းသားပါလာတယ်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now