အခန်း(၅၅) အိုင်​ဗန်​၏ masterpieces လက်​ရာ

9.5K 1.2K 23
                                    

အခန်း(၅၅) အိုင်​ဗန်​၏ masterpieces လက်​ရာ

"လုဖုန်း ဆိုတဲ့အရူး​ကောင်​က ဘာ​ဆေးစားမှားလဲမသိဘူး ပူး​ပေါင်းမှုကိုဆက်​မလုပ်​ဘူး​ပြော​နေတယ်​။ ပြီး​တော့ငါ့ကိုလည်း ​ခွေးရူးလိုကိုက်​​နေတယ်​''

ဆေးလိပ်​​ငွေ့များကိုဖြည်းညင်းစွာမှုတ်​ထုတ်​ရင်း အိုင်​ဗန်​က​နေကာမျက်​မှန်​တပ်​လျှက်​ ပက်​လက်​ကုလားထိုင်​တွင်​လဲ​လျောင်းရှိ၏။ လက်​တစ်​ဖက်​တွင်​​တော့ ​ရွှေ​ရောင်​အရည်​အပြည့်​ခွက်​တစ်​လုံးကို ကိုင်​ထားပြီး ကျူးဘားနိုင်​ငံထုတ်​စီးကရက်​ကို​တော့ ကျန်​လက်​တစ်​ဖက်​မှာကိုင်​ထားသည်​။ တစ်​ပြိုင်​နက်​ထဲမှာပဲ မိန်းမလှအချို့ကသူ့ရဲ့ပုခုံး​တွေကို ပွတ်​သပ်​ရင်း ​နေ​လောင်​ဒဏ်​ခရင်​ကို လိမ်း​ပေး​နေသည်​။

"အိုး...​ပြောရရင်​သူကအမြဲတမ်း ရူး​နေတာဆို​ပေမယ့်​ အရင်​ကအဲ့​လောက်​မဆိုးဘူး။ ချန်​ကျန်းအန်းတောင်​သူ့ကို chainမခတ်​နိုင်​ဘူး။ အခု​တော့ ချန်​ကျန်းအန်းလည်းသူသတ်​လို့​သေပြီ'' တကယ်​ပဲ လုဖုန်းကိုထိန်းချူပ်​နိုင်​တာဘာမှမရှိ​တော့ဘူး။

နေ​ရောင်​ဖြာကျ​နေသည့်​ အပြာ​ရောင်​​ရေကူးကန်​အတွင်းတွင်​​ခြေချ ထိုင်​​နေသည့်​ ​ရွှေ​ရောင်​ဆံပင်​နှင့်​အမျိုးသမီးတစ်​ဦး က ကန်​စပ်​တွင်​ လက်​သည်းကိုအ​ရောင်​တင်​​နေ၏။ သူမက ​ပျော်​​နေပုံရသည့်​အိုင်​ဗန်​ကို ပြုံးလျှက်​​ပြောလိုက်​၏။

"ဒါ​ပေမယ့်​ နင်​ဘယ်​လိုလုပ်​ လုဖုန်းနဲ့ပူး​ပေါင်းဖို့​တွေးနိုင်​ရတာလဲ။ သူကနင်​အမြဲတမ်းcrush​နေတဲ့ အဖိုးကြီးကိုသတ်​လိုက်​တယ်​မဟုတ်​လား''

"ကိတ်​ယာရှာ ငါဒီစကားကိုကြားရတာမကြိုက်​ဘူး။ 'ဘဝမှာလူ​သေမမြင်​ဖူးတဲ့လူမရှိဘူး'ဆိုတဲ့ တရုတ်​ဆိုရိုးစကားရှိတယ်​ ဆို​ပေမယ့်​ သူက ချန်​ကျန်းအန်း ​သေပြီပဲ​ပြောတာ။ ငါသူ့အ​လောင်းကိုမမြင်​ရဘူး အဲ့တာ​ကြောင့်​ သူ​သေမယ်​လို့ငါမယုံဘူး'' အိုင်​ဗန်​က vodka ကိုပါးစပ်​အပြည့်​ငုံ့လိုက်​ပြီး ဆက်​​ပြောသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now