Book I : အခန်း (၁) ဘဝသစ်​မစမှီ

63.1K 2.9K 46
                                    

[လက်​နက်​​ရောင်းခြင်းအ​ခြေခံစည်းမျဉ်း- မင်း​ရောင်းလိုက်​တဲ့လက်​နက်​ နဲ့ ပြန်​အသတ်​မခံရပါ​စေနဲ့]

ဆားငန်​ရည်​ရနံ့သင်း​နေတဲ့​လေ​ပြေ​အေးဟာပင်​လယ်​ပြာကိုဖြတ်​သန်းပြီး အမျိုးသားတစ်​ဦးရဲ့ဖရိုဖရဲဆံပင်​​တွေကိုပွတ်​တိုက်​ဖြတ်​သန်းသွားကြ၏။

ချန်​ကျန်းအန်း ပါးစပ်​ထဲမှအနံပြင်း​သောမြူ​ငွေ့ဖြူကို ထိုပင်​လယ်​​လေထဲသို့အကုန်​အစင်​မှုတ်​ထုတ်​လိုက်​သည်​။ စီးကရက်​ကိုလက်​ညှိုးလက်​မကြားအသာညှပ်​ပြီး နဖူး​ပေါ်ခပ်​ဖွာဖွာဆံပင်​​တွေကိုသူသပ်​တင်​လိုက်​တယ်​။ ဝါရံတာမှာထိုင်​ရင်း တ​ပြေးတည်း​သော ​ကောင်းကင်​နဲ့ပင်​လယ်​ပြင်​ကိုသူတိတ်​ဆိတ်​စွာထိုင်​ကြည့်​​နေသည်​။ ​ရွှေ​ရောင်​​နေခြည်​က ပင်​လယ်​​ရေကိုစိန်​ပွင့်​များလိုဖြိုးဖြိုးဖျတ်​ဖျတ်​လက်​​စေ​လေရဲ့။ ဇင်​​ယော်​ငှက်​​တွေရဲ့အဖြူ​ရောင်​ကိုယ်​ထည်​ကိုအပြာ​ရောင်​ပိတ်​ကားကပံ့ပိုးထား​လေရာ....ရင်​သက်​ရှု​မောဖွယ်​လှပလွန်းပေသည်​။

သူအနားမယူခင်​ကာလက ဒီလိုမြင်​ကွင်းကိုအနားယူပြီးလျှင်​မြင်​ချင်​ခဲ့ဖူးသည်​။ ဒီလိုမြင်​ကွင်းမျိုးကို သူ့ဆံ​တွေဖြူ​နေတဲ့အချိန်​မျိုးမှာခံစားဖို့​ပေါ့ အခုလို ​လေးဆယ်​သာသာအသက်​အရွယ်​မှာမဟုတ်​ဘူး။ ပြီး​တော့ လက်​နဲ့​ခြေမှာ သံချိန်းကြိုး​တွေမပါပဲနဲ့​ပေါ့။

မြင်​နိုင်​ရတဲ့အကွာအ​ဝေး​လောက်​မှာ ​ရေယာဉ်​ပျံတစ်​စီးဟာ ​ကောင်းကင်​ပြာ​ပေါ်မှာ​ပေါ်ထွက်​လာတယ်​။ ​ရေယာဉ်​ပျံထဲမှာဘယ်​သူရှိ​နေမလဲ ချန်​ကျန်းအန်း​သေချာ​ပေါက်​သိပါတယ်​။

လွန်​ခဲ့တဲ့ဆယ်​နှစ်​ကသူ​မွေးစားခဲ့တဲ့လူ။
သူယုံကြည်​ပြီးမှီခိုအားထားခဲ့ရတဲ့ အ​မွေဆက်​ခံသူ။
သစ္စာ​ဖောက်​ဆိုတဲ့အမည်​နဲ့ သူ့ကိုဆယ်​နှစ်​အကြာမှာ ဒီကျွန်းငယ်​​လေးဆီလာ​ရောက်​အကျဉ်းချထားခဲ့တဲ့သူ။
လွန်​ခဲ့တဲ့ဆယ်​နှစ်​ကဆုံးရှုံးခဲ့ရတဲ့​သွေးရင်းခြာညီငယ်​တဲ့ရုပ်​ချင်းဆင်​တဲ့လူ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now