အခန်း(၃၀) လှည့်​စားခြင်း

11.5K 1.6K 40
                                    

အခန်း(၃၀) လှည့်​စားခြင်း

ကောင်း​ကောင်းအနားယူခဲ့ရတဲ့အတွက်​​နောက်​တစ်​​နေ့ချန်​အန်းတစ်​​ယောက်​​နေလို့​ကောင်းလာတယ်​။ သူ့စိတ်​ထဲမှာ​တော့ ​နောက်​တစ်​ခါမတတ်​သာလို့​သောက်​ဖြစ်​ရင်​ခွက်​တစ်​ဝက်​ထက်​မပို​စေရဘူးလို့ သန္နိဋ္ဌာန်​  ချထားလိုက်​သည်​။
ရေချိုးပြီး​နောက်​အဝတ်​အစားလဲ​နေချိန်​မှာပဲ တံခါး​ခေါက်​သံကိုကြားလိုက်​ရသည်​။ အိုင်​ဗန်​များလား? သူမဖြစ်​နိုင်​ ဘူး။ အိုင်​ဗန်​ကိုသူနားလည်​ထားသ​လောက်​ အိုင်​ဗန်​ဆိုတာသူ့လိုသာမန်​လူတစ်​​ယောက်​အ​ပေါ်ခံစားချက်​ရှိ​ ​နေရင်​တောင်​ နံနက်​အ​စောကြီးလာပြီး​တော့ အရင်​​ခြေလှမ်းမစ​လောက်​ဘူး။

"ဘယ်​သူလဲ?'' ချန်​အန်း​ရေစိုဆံပင်​ကိုတဘတ်​နှင့်​သုတ်​ပြီးတံခါးဆီသို့​လျှောက်​သွားလိုက်​သည်​။

"အန်​ကယ်​ချန်​ ကျွန်​​တော်​ပါ''

ရင်းနှီးတဲ့အသံကိုကြားရမှ ချန်​အန်းတံခါးဖွင့်​​ပေးလိုက်​သည်​။ အပြင်​မှာရပ်​​နေသည်​က လက်​တွန်းလှည်းနှင့်​စားပွဲထိုးတစ်​​ယောက်​ဖြစ်​​နေသည်​။သို့​ပေမယ့်​ ထိုစားပွဲက တင်းရှန်းဆိုတာချန်​အန်း ချက်​ချင်းသတိထားမိသည်​။

"မင်းဘယ်​ချိန်​က စားပွဲထိုးဖြစ်​သွားတာလဲ'' ချန်​အန်းသူ့ရဲ့ရယ်​ချင်​စိတ်​ကိုထိန်းမထားနိုင်​​ပေ။ အသက်​ငယ်​တာ​တော်​​တော်​​ကောင်းတယ်​ တင်းရှန်းကသ​ဘောင်္စားပွဲထိုးဝတ်​စုံကိုဝတ်​ထား​ပေမယ့်​ ခန့်​ညား​နေတုန်းပဲ။ ​ပြောရမယ်​ဆို ဘာပဲဝတ်​ဝတ်​ တင်းရှန်းကကြည့်​​ကောင်းပြီးသားပါ။

တင်းရှန်းကပြုံးပြီး လက်​တွန်းလှည်းကိုချန်​အန်းအခန်းထဲသို့တွန်းသွားပြီးသူ့​နောက်​ကတံခါးကိုပိတ်​လိုက်​သည်​။
"အန်​ကယ်​ချန်​ ခင်​များနံနက်​စာမစားရ​သေးဘူးမဟုတ်​လား။ စကား​ပြောရင်​အတူစားရ​အောင်​''

"​ကောင်းပြီ​လေ''  ဒါကချန်​အန်းကိုစား​သောက်​ခန်းကိုသွားဖို့အချိန်​​တောင်​သက်​သာ​စေ​သေးတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now