အခန်း (၁၅၉) ဘောလုံးကစားတတ်လား

1.1K 155 7
                                    

အခန်း (၁၅၉) ဘောလုံးကစားတတ်လား

ဒီဂြိုလ်ကြီးတစ်ခုလုံးမှာဒီလိုပေါချာချာအကြိုက်မျိူးရှိတတ်တာ ဘယ်သူများ ရှိပါ့မလဲ။ ဒီလိုနေရာမှာ ဝက်ဝံကြီးကတော့သူမတူအောင်ချွန်ထွက်နေတတ်သည်။

အဆက်မပြတ်ဖြာထွက်နေတဲ့မီးပန်းနေတဲ့ တိုက်မျက်နှာချင်းဆိုင်က ကာတွန်းပုံတွေကြောင့်ကိုယ့်မျက်စိကိုယ်သနားလာလို့ ချန်အန်းမျက်နှာကိုလက်နဲ့ကွယ်ပြီး အိမ်ထဲပြန်ဝင်လိုက်သည်။

အစောက အုပ်မှိုင်းမှိုင်းလေထုသည် ယခုအခါ အိုင်ဗန်၏အရှိန်အဝါနှင့်ပိုးသတ်လိုက်သည့်အလားပင် ။ ချန်အန်းထပဲရယ်လိုက်ရမလား ပြေးပဲထိုးပစ်ရမလားမသိတော့။

''ဟေးးး ဘေဘီ လောင်းတိုင်းနိုးစီး သိပ်လွမ်းနေတယ်မလား''

ချန်အန်းအိမ်မကြီးထဲဝင်ဝင်ချင်းပဲ ကြားလိုက်ရတဲ့အသံကြောင့်လန့်ဖြန့်သွားသည်။ အဖြူရောင်ဝတ်စုံအပြည့်နှင့်ရွှေရောင်ဆံပင်များရှိသည့်အမျိူးသားတစ်ဦးက နှင်းဆီပန်းစီးကြီးကိုပွေ့လျက်ဘယ်ကမှန်းမသိရောက်ချလာသည်။ တစ်ချိန်ထဲမှာပဲ ကာတွန်းဇာတ်ကောင်အတိုင်းလိုက်ကပြီး ရုရှားလိုသီချင်းပါအော်ကြီးဟစ်ကျယ်ထဆိုလေသည်။

'' အိုးးးး ချစ်ရသူရေ....အိုးးးး ကိုယ့်ရဲ့မြေခွေးငယ်လေး''

''ခန့်ညားပြီးချောမောလှတဲ့ ပိုလာဝက်ဝံကြီးဟာ ကောက်ကျစ်စဉ်းလဲတဲ့မြေခွေးကြီးမှ နက်နက်နဲနဲချစ်မိသွားလေတယ်။ သူတို့ဟာ သတ္တိတွေနဲ့ မတူညီတဲ့မျိူးနွယ်ကြားကစည်းမျဉ်းတွေကိုချိူးဖြတ်ပြီး လေးနက်တဲ့ချစ်ခြင်းတွေနဲ့တစ်ဦးကိုတစ်ဦးပွေ့ဖက်တယ်လေ...''

ဇာဘုရင်တို့၏ဘုန်းကျက်သရေလိုအရှိန်အဝါအပြည့်နဲ့အိုင်ဗန်က အဆီအလျော်မတည့်တဲ့သီချင်းကို ပေါတောတောအကနဲ့တွဲဆိုနေသည်မှာ ချန်အန်းကိုရယ်မောမိသွားစေသည်။

'' ဒီ ကျက်သတုံးကိုဘယ်သူအထဲဝင်ခွင့်ပေးလိုက်တာလဲ'' ချန်အန်းကဆိုဖာပေါ်ကခေါင်းအုံးကိုယူပြီးလှမ်းပေါက်ရင်းမေးလိုက်သည်။ ချန်ယန်းနဲ့လုဖုန်းက အိုင်ဗန်ကိုဝင်ခွင့်ပေးလိုက်တာ သူဖြင့်အံသြမဆုံး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now