အခန်း (၁၂၆) ဆရာတစ်ဆူ၊တပည့်နှစ်ပွေ

2.3K 364 23
                                    

အခန်း (၁၂၆) ဆရာတစ်ဆူ၊တပည့်နှစ်ပွေ

စကားပုံတွေကပြောတဲ့အတိုင်း ကျားနှစ်ကောင်တစ်တောင်တည်းအတူမနေတို့၊ ခြင်္သေ့နှစ်ကောင်တစ်ဂူတည်းမအောင်းတို့ဆိုတာအမှန်ပဲလေ။
လေယာဥ်ပေါ်ကဆင်းတာနဲ့ချန်အန်းဟာချန်ယန်းရဲ့တင်းတင်းကြပ်ကြပ်ပြေးဖက်ခြင်းကိုခံရတယ်။အဲ့အချိန်လုဖုန်းကတော့အပူချိန်၃၀ဒီဂရီလောက်ထပ်ကျပြီးအာတိတ်ရေခဲပြင်ကြီးဖြစ်နေရှာပေါ့။

ရှန်ဟိုင်းကိုမရောက်ခင်ကချန်အန်းဟာချန်ယန်းကိုဖုန်းခေါ်ခဲ့တယ်။ ဘာတွေပြောနေကြလည်းလုဖုန်းမသိလိုက်ရဘူး။နားထောင်ခွင့်မပေးတာပြောရင်ပိုမှန်မယ်။သူသိတာကသူတို့၁နာရီလောက်လေဖုတ်နေကြတာပဲ။ ချန်အန်းဆိုတာဖုန်းနဲ့စကားပြောရတာသိပ်ဝါသနာပါသူမဟုတ်။သူ့ဖုန်းအများစုဟာ၃မိနစ်ထပ်ပိုမကြာတတ်ဘူး။ ဒါဆို ၁နာရီလောက်ကြာအောင်ဘာတွေများပြောနေခဲ့ကြသလဲ။ ဘယ်သူဘာပြောပြောဒီလိုဖုန်းအကြာကြီးပြောတာဟာ ချန်အန်းရင်ထဲချန်းယန်းဆိုတဲ့ကောင်ကတစ်နေရာရှိနေလို့ပဲ ဆိုတာ လုဖုန်းအတိအကျသိလိုက်တယ်။

လူတွေသတိမထားမိအောင်သူတို့အိမ်ကိုပဲတန်းတန်းပြန်ခဲ့လိုက်ကြသည်။အပြန်မှာချန်အန်းဟာ ကားအလယ်ခုံမှာထိုင်ပြီးသူ့နံဘေးတစ်ဖက်တစ်ချက်မှာထိုင်နေသည့်လူငယ်လေးနှစ်ယောက်လက်ကိုကိုင်ထားရင်းပြုံးလိုက်သည်။

'' ဒီနေ့ကတော့တရားဝင်နှုတ်ဆက်တာလို့ပြောရမှာပေါ့။ ဝါအရပြောမယ်ဆို လုဖုန်းကငါ့ရဲ့ပထမဦးဆုံးတပည့်ပဲ။ဒါကြောင့်သူကမင်းရဲ့စီနီယာအစ်ကိုပေါ့။ ချန်ယန်းမင်းကဒီနေ့ကစပြီးဂျူနီယာညီငယ်ဖြစ်သွားပြီ။''

အသက်အရရောဝါအရပါကြီးတဲ့ချန်အန်းဟာ ကားထိုင်မှာထိုင်ထိုင်ချင်းပဲဒီလူငယ်လေးနှစ်ယောက်ကြားကတင်းမာတဲ့စိတ်ဆွဲအားကိုခံစားမိလိုက်တယ်။ ဒါမယ့်သူအဖတ်လုပ်စရာတော့မဟုတ်ဘူးလေ။  တစ်ယောက်နဲ့တစ်ယောက်တစ်ခါမှမသိကျွမ်းတဲ့လူနှစ်ယောက်ရုတ်တရက်ညီအစ်ကိုဖြစ်လာတယ်ဆိုလက်ခံဖို့ဘယ်လွယ်ပါ့မလဲလေ။ ချန်အန်းဟာလုဖုန်းရဲ့အကြောင်းကိုကောင်းကောင်းသိတယ်။ လုဖုန်းဟာသူတစ်လူငါတစ်မင်းစိတ်ရှိပြီးချန်အန်းကိုသူ့အပိုင်ဟုယူဆကာ ဘယ်သူ့ကိုမှအနားမကပ်စေချင်သလို သူ့ဆီက အာရုံလွှဲခံရမှာကိုလည်းမ​ကြိုက်ပေ။ ဒီလိုမှမဟုတ်ရင် လုဖုန်းဟာဘာကြောင့်အရာအားလုံးကိုရင်းပြီး သူ့ကိုအိမ်တွင်းအကျဥ်းချထားခဲ့ပါ့မလဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now