အခန်း (၆၉) ​လောင်းကစားသမား ၏ စကားစီးချင်း

8.5K 1.2K 50
                                    

အခန်း (၆၉) ​လောင်းကစားသမား ၏ စကားစီးချင်း

ဒီလို ကာစီနိုကိုလာပြီး ကစားတဲ့သာမန်​လူ​တွေက​တော့ အိုင်​ဗန်​လိုသူကြွယ်​ဆီကို​ပြေးဝင်​တိုက်​ရဲမှာမဟုတ်​ဘူး။ အဆင့်​မြင့်​ VIP ခန်းမကြီးထဲမှာ လက်​နက်​ကိုင်​အ​စောင့်​​တွေနဲ့ပြည့်​​နေသည်​။ ပိုက်​ဆံမရှိရင်​ ဒီလို​နေရာမျိုးဝင်​ပြီး လုဖုန်းနဲ့အခြားသူ​တွေ​ဘေး ထိုင်​ကစားလို့ရမှာမဟုတ်​ဘူး။

သူတို့​လောင်းကစားလုပ်​တယ်​ဆိုတာ တစ်​ဖက်​နဲ့တစ်​ဖက်​ စီးချင်းထိုးသလိုပဲ။

အိုင်​ဗန်​ ​ခေါ်လာတဲ့ ချန်​အန်းက​တော့ ဘယ်​လိုပဲ ဖြစ်​ဖြစ်​ အိုင်​ဗန့်​​ဘေးကပ်​ရပ်​ထိုင်​ရတာ​ပေါ့။ သူစားပွဲ​ပေါ်က ပစ္စည်း​တွေကို ရှင်းလိုက်​သည်​။ လုဖုန်းက အိုင်​ဗန်​ဆန့်​ကျင်​ဖက်​မှာ ထိုင်​ပြီး နှစ်​ဦးသားအကြည့်​​တွေက လုပ်​​ဖော်​ကိုင်​ဖက်​က​နေ ရန်​သူ​တွေလိုတင်းမာသည့်​အ​ခြေအ​နေ​ရောက်​​နေ​ကြောင်းသိသာသည်​။ ရန်​လိုမှုအ​ငွေ့အသက်​များက ယမ်းမှုန့်​နံ့ ထက်​ပင်​ ပြင်းလွန်း​သေးသည်​။ ကစားပွဲကမစရ​သေး ချန်​အန်းက​တော့ လူသတ်​​ငွေ့​တွေ ရနှင့်​​နေပြီ။

အိုင်​ဗန်​နဲ့လုဖုန်းအပြင်​ စားပွဲဝိုင်းမှာ စင်​ကာပူ၏ အခြားနံမည်​ကြီးပုဂ္ဂိုလ်​များလည်းရှိ​နေသည်​။ သူတို့ချမ်းသာတယ်​ဆို​ပေမယ့်​လည်း ဒီ​နေ့ကစားပွဲရဲ့ဇာတ်​လိုက်​က​တော့ အိုင်​ဗန်​နဲ့ချန်​အန်းပဲ။

ချန်​အန်း မ​မျှော်​လင့်​မိတာက လုဖုန်း ထိုင်​ပြီးချက်​ချင်းသူ့ကို စကားတစ်​ခု​ပြောလိုက်​တာပဲ။

"ကျူပ်​ ခင်​​များကိုမှတ်​မိတယ်​'' ချွန်​ထက်​ပြီး သိမ်းငှက်​လိုမျက်​ဝန်းတစ်​စုံက ချန်​အန်းဆီ​ရောက်​လာသည်​။ လုဖုန်းအကြည့်​စူးစူးများက ချန်​အန်းကို ​ဖောက်​မြင်​နိုင်​ပုံ​ပေါ်​သော်​လည်း ထူထည်းလွန်းသည့်​မြူခိုးများ​ကြောင့်​ ရှင်းရှင်းလင်းလင်း​တော့မမြင်​ရ​ပေ။

သူ ကာစီနိုထဲ​ခြေချလိုက်​ကတည်းက အိုင်​ဗန့်​​ဘေးနားထိုင်​​နေသည့်​ ချန်​အန်းကို လွန်​ခဲ့သည့်​​ခြောက်​လက အမူးလွန်​ပြီး အိုင်​ဗန်​အတင်းအကြပ်​ နမ်းခဲ့သူမှန်း မှတ်​မိသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now