အခန်း(၇၉) မင်းငါ့ကိုသတ်​မှာလား

8.8K 1.2K 131
                                    

အခန်း(၇၉) မင်းငါ့ကိုသတ်​မှာလား

အိုင်​ဗန်​က လျှာက​သွေးကိုလက်​​ချောင်းထိပ်​နဲ့သုတ်​လိုက်​​တော့ သူ့လက်​က ချန်​အန်းကိုထိန်း​ထားရာကလွှတ်​သွားပြီး ချန်​အန်းကအခွင့်​​ကောင်းယူကာ အိုင်​ဗန်​ကို​ခြေဖြင့်​ကန်​လိုက်​သည်​။

"ချန်​အန်း!!!'' အိုင်​ဗန်​ ​ဒေါသထွက်​စွာ​အော်​လိုက်​သည်​။

ချန်​အန်းက​တော့ အသက်​ကိုဝဝရှူပြီး ​ရေထဲမြှုပ်​သွားပြန်​သည်​။ သူ​ရေမှမကူးတတ်​ပဲ အဲ့​တော့ ငုပ်​​သွားရုံ​ပေါ့။ ကန်​​ဘောင်​အထိ သူရ​အောင်​​လျှောက်​သွားပြီး​နောက်​မှာ ကန်​​ဘောင်​ကိုလက်​နဲ့​ထောက်​တက်​ပြီး ကိုယ်​တစ်​ပိုင်းအရင်​မှီလိုက်​သည်​။

"အဟွက်​!" သူအသက်​ကိုဝ​အောင်​ရှူပြီး သက်​ပြင်းချလိုက်​သည်​။ သူ့ဆီကူးလာတဲ့ အိုင်​ဗန်​ကိုမျက်​လုံး​စွေ့ကြည့်​ပြီး ကန်​​ပေါ်မှာ​ငေး​ကြောင်​ရပ်​​နေတဲ့ သက်​​တော်​​စောင့်​ရဲ့လက်​ထဲက တဘတ်​ကိုဆွဲယူကာ သူမျက်​နှာကိုသုတ်​လိုက်​သည်​။ အ​နှေးနဲ့အမြန်​​တော့ ဒီဝက်​ဝံကိုသူအ​ရေဆုတ်​မိ​တော့မယ်​!

ရွှဲရွှဲစို​နေသည့်​ အမျိုးသားကမျက်​လုံးများစွာ​ရှေ့မှ ​ရေကူးကန်​အထွက်​တံခါးဆီ​လျှောက်​သွား​နေသည်​။ ထိုစဉ်​ သူ့မြင်​ကွင်း​ရှေ့လူတစ်​​ယောက်​​ပေါ်လာသည်​။ သူမျက်​မှန်​မတပ်​ထားတာ​ကြောင့်​ အဲ့ဒီလူမျက်​နှာကို​ကောင်း​ကောင်းမမြင်​ရ ။ ဒါ​ပေမယ့်​ အဲ့ဒီလူကသူ့ဆီ​ပြေးလာပြီး အတင်းအကြပ်​ဖက်​လိုက်​သည်​ကို​တော့ သူ​ကောင်း​ကောင်းကြီးခံစားလိုက်​ရသည်​။

ဒီ​နေ့ဘာဖြစ်​တာလဲ?  တစ်​​ယောက်​ပြီးတစ်​​ယောက်​ရူးကုန်​တာလား?

"ဘာလဲ ငါ့ကိုသတ်​ဖို့မ​စောင့်​နိုင်​​တော့ဘူးလား''

သူတစ်​ဖက်​လူကို မတွန်းဖယ်​မိပဲ ​ရေကူးကန်​ထဲမှာတုန်းကလုဖုန်းအ​ကြောင်း​တွေးမိတာကိုပြန်​သတိရသည်​။ ဒါဟာ ဒီဘဝမှာ​တော့လုဖုန်းဖက်​တာ ပထမဦးဆုံးခံရတာပဲ။ လူက​ပြောင်းလဲသွား​ပေမယ့်​ တစ်​ဖက်​လူကလုဖုန်းဖြစ်​​နေတဲ့အခါ ရင်းနှီးမှုကကျန်​ရစ်​​နေဆဲပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now