အခန်း (၁၄၅) DNA စစ်ဆေးချက်

1.6K 266 4
                                    

အခန်း (၁၄၅) DNA စစ်ဆေးချက်

ချန်အန်းဆိုတာလောဘကြီးတဲ့လူတစ်ယောက်ပဲ။ဒါကအမြဲတမ်းအတွက်အမှန်တရားပဲ။

လေဆာကုထုံးလုပ်ဖို့လုဖုန်းကသူ့ကိုအမေရိကန်လိုက်ပေးနိုင်မှာမဟုတ်ဘူး။တစ်နေ့ကပြောတဲ့လက်နက်အရောင်းအဝယ်လောကကနားမယ်ဆိုတာကအပြောင်အပျက်စကားမဟုတ်လို့လုဖုန်းအနေနဲ့ညီနောင်များအဖွဲ့ကိုပြောင်းလဲဖို့အာရုံစိုက်ရမယ်လေ။

ဒါကတစ်ရက်နှစ်ရက်နဲ့ပြီးမယ့်ကိစ္စတော့မဟုတ်ဘူး။တစ်နှစ်နှစ်နှစ်တောင်ပြီးချင်မှပြီးမယ်။အစပြုထားပြီဆိုရင်တော့နောက်ပိုင်းဆက်ဖို့ကသိပ်တော့မခက်ပါဘူး။ဒါကြောင့်အစပိုင်းမှာအားလုံးအဆင်ပြေနေအောင်လို့ လုဖုန်းကအဲ့ဒီနေရာမှာလူကိုယ်တိုင်ရှိနေမှဖြစ်မယ်။

ဒါကြောင့်ချန်အန်းကသူ့ကို ' မင်းတကယ်ငါနဲ့လိုက်ဖို့မလိုဘူး။ဒါအသေးစားခွဲစိတ်မှုလေးပဲ။မင်းကငါ့ကိုမသွားနိုင်မလာနိုင်တဲ့အဘိုးအိုကြီးလို့မှတ်နေတာလား။ချန်ယန်းကငါနဲ့သွားလိမ့်မယ်။မင်းကအလုပ်မှာပဲအာရုံစိုက်ထားငါဖုန်းဆက်လိုက်မယ်' လို့ပြောထားရသည်။

လေယာဥ်ပြတင်းမှာအဖြူရောင်တိမ်လွှာများက အဖြူရောင်ဆပ်ပြာမြှုပ်ပင်လယ်ကြီးနဲ့ဖွေးလျက်နေသည်။ထိုတိမ်အလွှာလွှာကိုထိုးဖောက်ပျံသန်းရင်းချန်အန်းတို့လေယာဥ်က မြောက်အမေရိကတိုက်ဆီဦးတည်နေသည်။

ချန်အန်းမှာလေယာဥ်အပြင်ကိုငေးရင်မိမိရှေ့ကိုပြန်ကြည့်လိုက်စဥ်သေသပ်စွာလှီးဖြတ်ထားသောလတ်လတ်ဆတ်ဆတ်အသားတုံးများထည့်ထားသည့်တရုတ်ကြွေပန်းကန်တစ်ချပ်ကိုမြင်လိုက်ရသည်။ချန်ယန်းကသူ့အတွက်အသားများကိုလှီးပေးထားခြင်းပင်။
လုဖုန်းနဲ့ယှဥ်ရင်ပိုတက်ပြီးတက်တက်ကြွကြွရှိတဲ့ချန်ယန်းကဂရုစိုက်ပုံလည်းသာသည်။

'' မင်းငါ့ကိုအရမ်းအလိုလိုက်ထားရင်ငါအကျင့်ပါသွားမှာမကြောက်ဘူးလား။'' ချန်အန်းကပြုံးလျက်အသားစိုက်ထားပြီးသားခရင်းကိုယူကာပါးစပ်ထဲထည့်လိုက်သည်။အစိမ်းလိုက်လည်းဖြစ်မနေသလိုအကျက်လည်းမလွန်ဘူးအရည်ရွှမ်းလျက်နူးညံ့နေသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now