အခန်း(၉၂) အချစ်​ည၏မနက်

11.4K 1.3K 123
                                    

အခန်း(၉၂) အချစ်​ည၏မနက်

အိုင်​ဗန်​က ထိုနံမည်​ကိုထပ်​ခါထပ်​ခါ ​ရေရွတ်​​နေတာ​ကြောင့်​ ချန်​အန်း​ဖြေးညင်း​လေးကန်​စွာနှင့်​ ပြန်​​ဖြေလိုက်​သည်​။

"အိုင်​.....ဗန်​''

နောက်​ဆုံးမှာ သူ့နံမည်​ကိုကြားလိုက်​ရတာ​ကြောင့်​ အိုင်​ဗန်​မျက်​ရည်​ကျလုပင်​ ရင်​ထဲပြည့်​လျှံသွားသည်​။ ထို့​နောက်​ဆုချသည့်​အလား ချန်​အန်းပါးပြင်​​ပေါ်အနမ်းတစ်​ပွင့်​​ချွေလိုက်​သည်​။

"ဟုတ်​တယ်​ အန်း အဲ့တာ ကိုယ့်​နံမည်​ အိုင်​ဗန်​''

အိုင်​ဗန်​ချက်​ချင်း ချန်​အန်းလက်​ကိုချည်​ထားသည့်​နက်​ကတိုင်​ကိုဖြည်​လိုက်​ပြီး ​ပျော့​ခွေ​နေသည့်​အမျိုးသားကို ရင်​ခွင်​ထဲထည့်​ထားလိုက်​သည်​။

"အိုင်​ဗန်​''

ချန်​အန်းလူတစ်​ကိုယ်​လုံးက အိုင်​ဗန်​ရင်​ခွင်​ထဲမှာတင်းကြပ်​စွာရှိ​နေပြီး ထို​ဖျော့​တော့​လေသံကို အိုင်​ဗန်​နားနှင့်​ကပ်​လျှက်​ပင်​ကြားရသည်​။

ထို​နောက်​ ချန်​အန်း၏အသံကိုအက်​ပြီး သူ့နံမည်​ထပ်​မ​ခေါ်နိုင်​တဲ့အထိ အိုင်​ဗန်​ခရီးဆက်​ခဲ့သည်​။

နေ့သစ်​၏​နေ​ရောင်​ကအခန်းပြတင်းမှတစ်​ဆင့်​ ​ပွေ့ဖက်​ကာ အိပ်​စက်​​နေသည့်​အမျိုးသားနှစ်​ဦးဆီသို့ဖြာကျလာသည်​။

ဖြစ်​နိုင်​မည်​ဆိုပါက အိုင်​ဗန်​ဒီလူနှင့်​အမြဲတမ်းအခုလိုနိုးထလိုသည်​။

နေမွန်းတည့်​ခါနီးမှာ​တော့ သူ့လက်​​မောင်​ကြားထဲဖက်​ထားသည့်​ ချန်​အန်းက ရုတ်​တရပ်​​ချောင်းဆိုးလာသည်​။ ​ချောင်း​ကြောင့်​ ခန္ဓာကိုယ်​ကလှုပ်​တာနဲ့ အိုင်​ဗန်​ပါနိုးလာသည်​။

"​ဘေဘီ''

မ​နေ့ညကအလွန်​တရာမှ​ကျေနပ်​ခဲ့ပါတဲ့ ဝက်​ဝံကြီးက ချန်​အန်းသူ့ကိုအရင်​ကဘာ​တွေလုပ်​ခဲ့သလဲ မ​နေ့ညကဘယ်​သူနံမည်​​တွေ​ခေါ်ပြီးသူ့ကိုစိတ်​​အောင်​လုပ်​ခဲ့သလဲဆိုတာ​တောင်​ ​မေ့ကုန်​ပုံရသည်​။ ချန်​အန်း၏ပါးပြင်​ကို လျှာနှင့်​လျှက်​ကာနိုးလိုက်​​လေသည်​။ ဒါ​ပေမယ့်​ လျှာဖျားအထိအ​တွေ့အရ ချန်​အန်းပါးပြင်​ကပူကျစ်​​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now