အခန်း (၁၀) အိမ်​အသစ်

13.1K 1.8K 17
                                    

အခန်း (၁၀) အိမ်​အသစ်

အိမ်​ကပရိ​ဘောဂအစုံအလင်​ရှိပြီးသားဆို​တော့ ​ငွေ​ချေပြီးတာနဲ့ချက်​ချင်း​ပြောင်း​နေရုံပဲ။ ဒါ​ပေမယ့်​ချန်​အန်းရဲ့အကြိုက်​ကအမြဲတမ်းသူ့သ​ဘောနဲ့သူပဲ ဒါ​ကြောင့်​သူ​ပြောင်းမလာခင်​ အိမ်​တွင်းအလှဆင်​ကုမ္ပဏီကိုငှါးပြီး သူ့စိတ်​တိုင်းကျပုံစံအတိုင်းဖြစ်​​အောင်​ပြင်​ခိုင်းတယ်​။
ပထမ​နေ့မှာသူအိမ်​ရှာတယ်​၊ဝယ်​တယ်​ ပြီး​တော့အလှဆင်​ခိုင်းတယ်​။
ဒုတိယ​နေ့မှာကျန်းမာ​ရေးသုံးပစ္စည်း​တွေကိုဝယ်​ပြီး အိမ်​ထဲမှာကိုယ်​ပိုင်​ Gymတစ်​ခုလုပ်​မယ်​။
တတိယ​နေ့​မှာအိမ်​တွင်းအလှဆင်​ကုမ္ပဏီက အ​ကောင်းပရိ​ဘောဂ​တွေနဲ့အလှဆင်​​ပေးကြလိမ့်​မယ်​။ ချန်​အန်းသူ့ရဲ့မိုးပျံပန်းခြံ​လေးထဲမှာထိုင်​ပြီး​ကော်​ဖီ​သောက်​​နေတယ်​။ ပြီး​တော့သူ့ရဲ့​ရှေ့က​ပြောင်​လက်​​နေတဲ့စားပွဲ​ပုံရိပ်​က​နေရှေ့မှာရပ်​​နေတဲ့မိန်းက​လေးကိုကြည့်​လိုက်​တယ်​။
ချန်​အန်း​ရှေ့မှာအသက်​၂၀အရွယ်​​ကော်​လိပ်​​ကျောင်းသူ​လေးတစ်​ဦး လက်​နှစ်​ဖက်​ကို​ရှေ့ယှက်​ပြီးကျူံ့ ကျူံ့ ​လေးရပ်​​နေတယ်​။ သူမမျက်​နှာ​လေးကခပ်​ဝိုင်းဝိုင်းနဲ့မျက်​မှန်​​လေး​ကြောင့်​ရိုးရိုး​အေး​အေး​လေးပုံ​ပေါက်​​နေတယ်​။ ချန်​အန်းအကူလို​နေတယ်​။ အဲ့ဒီအကူကအရမ်း​တော်​လို့မရသလိုအရမ်းတုံးလို့လည်းမဖြစ်​ဘူး။အ​ရေးကြီးဆုံးကရှက်​​နေလို့မရဘူး။

"ဘာလို့ကိုယ့်​ကိုယ်​ကိုမမိတ်​ဆက်​တာလဲ''

သူ့ရဲ့အပြင်​ပုံပန်းသဏ္ဌာန်​ကအဆီတစ်​ထပ်​အသားတ်း​ထပ်​နဲ့လူကြီးဆို​ပေမယ့်​ သူ့ရဲ့ရိုးတွင်းချဉ်​ဆီထဲမှာ​တော့ သူကလက်​နက်​​မှောင်​ခိုရာဇာတစ်​​ယောက်​ပဲ။ အတွင်းထဲကလူက​ပြောင်းလဲသွားရင်​ သူ့ရဲ့အရှိန်​အဝါ​တွေကလည်း​ပြောင်းလဲသွားမှာပဲ။
မိန်းမငယ်​​လေးက အိမ်​​ဖော်​အလုပ်​ကိုလာ​လျှောက်​တာမှန်​​ပေမယ့်​အခုလို သူ​ရှေ့ကလူကစကား​ပြောလိုက်​တဲ့အချိန်​မမြင်​နိုင်​တဲ့အရှိန်​အဝါဖိအား​တွေနဲ့ ပြည့်​​နေမယ်​မထင်​ခဲ့ဘူး။ အခုသူမအ​နေနဲ့​ကျော​ပေါ်​ကျောက်​တုံးကြီးတင်​ထားရသလိုပဲ။ စကား​ပြောဖို့ပါးစပ်​ဟလိုက်​​ပေမယ့်​​ကြောက်​​နေတာ​ကြောင့်​မနည်းကြိုးစားပြီးပုံမှန်​​လေသံဖြစ်​​အောင်​အားထုတ်​​နေရတယ်​။
"​တွေ့ရတာဝမ်းသာပါတယ်​ မစ္စတာချန်​။ကျွန်​မနံမည်​က ဝမ်​လီပါ။ ကျွန်​မက ရှန်​ဟိုင်းတက္ကသိုလ်​ကဒုတိယနှစ်​​ကျောင်းသူပါ။ ငယ်​ငယ်​ကတည်းကအိမ်​မှုကိစ္စ​တွေနဲ့ရင်းနှီးပါတယ်​။အခုကျွန်​မမှာ ပ​ရောဖယ်​ရှင်​နယ်​ housekeeping အ​တွေ့အကြုံလည်းရှိ...''

Rebirth of Chen An【Zaw + uni】Where stories live. Discover now