အခန်း (၁၄) Gymထဲကအ​နှောင့်​အယှက်

13.5K 1.7K 37
                                    

အခန်း (၁၄) Gymထဲကအ​နှောင့်​အယှက်

ဘယ်​သူ personal trainer လိုလဲ? တင်းရှန်း၊ အင်​တာပို​အေးဂျင့်​ ​လေးက ​ရွေးသင့်​တဲ့နည်းပြတစ်​ဦး​ပေါ့။ သူ့ရဲ့ခန္ဓာကိုယ်​အ​ပေါ်ပိုင်းတင်​သူဘယ်​​လောက်​ကြံ့ခိုင်​​ကြောင်း​ပေါ်လွင်​​နေပြီ။ တင်းရှန်းကတရုတ်​ကပြားလည်းဖြစ်​​နေတာ​ကြောင့်​ သူ့ခန္ဓာကိုယ်​ကအရမ်းကြီး​တောင့်​တင်း​နေတာမျိုးမဟုတ်​ပဲ ကျစ်​ကျစ်​လစ်​လစ်​နဲ့ကြည့်​​ကောင်းတယ်​။
ချန်​အန်းအ​နေနဲ့အရင်​လကထက်​စာရင်​ပိုပိန်​သွားပြီဆို​ပေမယ့်​လည်း သူ့မှာအခုကြွက်​သား​တွေအစား အဆီ​တွေကများ​နေ​သေးတယ်​။သူ့ရည်​ရွယ်​ချက်​က ပုံမှန်​အ​လေးချိန်​ရ​အောင်​ဝိတ်​ချပစ်​ဖို့ပဲ။ တင်းရှန်းလိုခန္ဓာကိုယ်​ထိ​တော့မမှန်းဘူး။ ဝိတ်​ချတာဟာတကယ်​​တော့အရမ်းရိုးရှင်းပါတယ်​ ဘာလို့ဆို နှစ်​ခုပဲလုပ်​စရာလိုတယ်​​လေ။အစား​လျော့၊​လေ့ကျင့်​ခန်းလုပ်​။

ဒါ​ပေမယ့်​တကယ်​တမ်းလုပ်​ဖို့ကအားအများကြီးစိုက်​ထုတ်​ရတယ်​။ ဇွဲမရှိတဲ့လူက​တော့မစခင်​ကတည်းကရှုံးမှာပဲ။ ကံ​ကောင်းတာက ချန်​အန်းကအရမ်းကိုစိတ်​ဓာတ်​ပြင်းထန်​ပြီးဇွဲကြီးတဲ့သူဖြစ်​​နေတာပဲ။

လေ့ကျင့်​လုပ်​ပြီး​တော့ ချန်​အန်း spinning bike​ပေါ်မှာထိုင်​ပြီးနားလိုက်​တယ်​။ ​ရေနှစ်​ငုံ​လောက်​​သောက်​ပြီး​တော့အသက်​ပြင်းပြင်းရှူပြီး သူ​မေးလိုက်​တယ်​။
"မင်းမကြာခင်​အ​မေရိကကိုပြန်​​တော့မှာလား''

"အင်း ။ ကျွန်​​တော်​​နောက်​လပြန်​​တော့မှာ။ အလုပ်​ပဲလုပ်​​နေခဲ့​တော့ အနားယူရတာသက်​​တောင့်​သက်​သာမရှိဘူး''

"ခင်​များ​ကော?''

"ငါလား။ မသိ​သေးဘူး။အချိန်​ယူရအုန်းမယ်​''
ချန်​အန်းအပြုံးတစ်​ခုနဲ့တုန့်​ပြန်​လိုက်​တယ်​။ အခုသူတို့ကသာမန်​မိတ်​​ဆွေ​တွေပဲ။တစ်​​ယောက်​နံမည်​တစ်​​ယောက်​သိတာကလွဲရင်​ တစ်​​ယောက်​အလုပ်​အကိုင်​နဲ့အတိတ်​အ​ကြောင်းကိုတစ်​​ယောက်​သိကြတာမဟုတ်​ဘူး။ ​မေးလည်းမ​မေးဘူး။ တင်းရှန်းကမ​မေးမှ​တော့ချန်​အန်းဖက်​ကလည်းဘာမှ​ပြောပြဖို့စိတ်​ကူးမရှိဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now