အခန်း(၆၃) အထီးကျန်​ည

8.9K 1.2K 49
                                    

အခန်း(၆၃) အထီးကျန်​ည

"ဦး​လေးအိမ်​မှာမရှိဘူးလား''

ရှန်​ဟိုင်းကိုမနက်​ဖြန်​မှပြန်​​ရောက်​ရမှာဆို​ပေမယ့်​ ချန်​ယန်းမနားပဲ အမြန်​ပြန်​လာခဲ့သည်​။ ဒါ​ပေမယ့်​ မနက်​၃နာရီသူပြန်​​ရောက်​​တော့ အိမ်​အကူဝမ်​လီက ချန်​အန်းလွန်​ခဲ့တဲ့သုံးရက်​က ခရီးထွက်​သွားသည်​ဟု ​ပြောလာသည်​။

"ဟုတ်​ကဲ့။ အန်းရှူ က​ပြောတယ်​ သူခဏ​လောက်​ခရီးထွက်​မလို့တဲ့။ ရှင်​ပြန်​လာတဲ့အခါ သူ့ကိုစိတ်​မပူဖို့​ပြောလိုက်​ပါလို့ မှာလိုက်​တယ်​။ ​ကျောင်းပြန်​တက်​ဖို့သာစီစဉ်​ပါတဲ့''

အိပ်​ငိုက်​​နေတဲ့ ဝမ်​လီက သန်း​ဝေရင်း ချန်​ယန်းရဲ့ luggage ​တွေကိုသယ်​ကူသည်​။ သူမ ပြန်​လှည့်​ကြည့်​​တော့ ချန်​ယန်းက တိတ်​တိတ်​​လေးရပ်​​နေသည်​ကိုမြင်​ရသည်​။ သူမစိတ်​ထင်​၍လားပဲ မသိ ချန်​ယန်းမျက်​လုံးတို့က​အေးစက်​​နေသည်​ဟု သူမထင်​မိပြီး အံ့သြမိသည်​။

သိတဲ့အတိုင်း ချန်​ယန်းက သူ့နံမည်​လိုပဲ ​တောက်​ပပြီးအမြဲဖြူစင်​​နေတတ်​တာ​လေ။

"ဝမ်​လီ ၊ ဦး​လေးဘယ်​သွားလဲ မင်းသိလား?'' ချန်​ယန်း၏အသံက ခံစားချက်​မဲ့​နေသည်​။ ​လေသံကအတက်​အကျပင်​မရှိ။ အခန်းကလင်းရှင်း​နေ​သော်​လည်း သူမျက်​လုံးထဲတွင်​​တော့ ​တောက်​ပမ​နေပါ။

ဝမ်​လီက​တော့ဒါကိုဘာမ​တွေး သူမ သိမျှအကုန်​သာ​ပြောလိုက်​သည်​။ ''အန်းရှူ ကျွန်​မကိုဘာမှ​တော့မ​ပြောဘူး ဒါ​ပေမယ့်​ အဲ့​နေ့သူထွက်​သွား​တော့ တစ်​​ယောက်​​ယောက်​သူ့ကိုလာ​ခေါ်တာ​တွေ့လိုက်​တယ်​။ အရပ်​ရှည်​ရှည်​ရုပ်​​ချော​ချောနဲ့ဆံပင်​​ရွှေ​ရောင်​ရှိတဲ့ နိုင်​ငံခြားတစ်​ဦးပဲ အ​ရှေ့ဥ​ရောပသားလို့ထင်​တယ်​''

အ​ရှေ့ဥ​ရောပသားလို့ကြားတာနဲ့ ချန်​ယန်းစိတ်​​တွေဂနာမညိမ်​ဖြစ်​လာသည်​။ သူဝမ်​လီလက်​ကိုဖမ်းဆွဲလိုက်​ပြီး ''ငါ့ဦး​လေးဘာဖြစ်​သွား​သေးလဲ??''

"အို့...ချန်​ယန်း....နာတယ်​ဟ'' ချန်​ယန်းလက်​နဲ့ကိုင်​ထားတဲ့ ဝမ်​လီလက်​​ကောက်​ဝတ်​တစ်​ခုလုံး နာကျင်​လာသည်​။ ''ဦး​လေးအန်းဘာမှမဖြစ်​ပါဘူး။ ကျွန်​မထင်​တာ အဲ့နိုင်​ငံခြားသားက မ​ကောင်းတဲ့လူလည်းဟုတ်​ပုံမရပါဘူး။ ရှင်​မရှိတဲ့အချိန်​တုန်းက အဲ့ဒီနိုင်​ငံခြားသားက ဦးကိုခဏခဏလာရှာတယ်​။ ဦး​လေးအန်းလည်းပဲ အဲ့လူက မ​ကောင်းတဲ့လူလို့ကျွန်​မကိုမ​ပြောပါဘူး''

Rebirth of Chen An【Zaw + uni】Where stories live. Discover now