အခန်း(၁၁၆) ပျိုးခြင်း

18.1K 1.4K 202
                                    

အခန်း(၁၁၆) ပျိုးခြင်း

LA တွင်​​ဟောလိဝုဒ်​ဆယ်​လီများ​အောင်းတတ်​​သော ဆင်​​ခြေပုံးမြို့ငယ်​​လေးတစ်​ခုရှိသည်​။

"USမှာလုပ်​စရာနည်းနည်းရှိ​သေးတယ်​။ကိုယ့်​ကိုယ်​ကိုဂရုစိုက်​။ မင်းငါ့ကိုခဏခဏဖုန်းဆက်​​နေရင်​ USလာပြီးငါ့လာ​ခေါ်ဖို့မလို​တော့ဘူး'' တရုတ်​ပြည်​ပြန်​ရမည့်​ချန်​အန်းမှာ ဟိုတယ်​အခန်းတံခါး​ဘောင်​​ပေါ်တွင်​ထိုင်​ရင်​ ချန်​ယန်းဆီကသာ​ကြောင်းမာ​ကြောင်းကြားသည်​နှင့်​ဖုန်းချလိုက်​သည်​။

သူရှိ​နေတဲ့​နေရာကိုလုဖုန်း​ရောက်​လာမှသူအတပ်​သိသည်​။ ဘာ​ကြောင့်​ သူအရင်​ဘဝကLA​ရောက်​တိုင်း ဒီမြို့ကဒီဟိုတယ်​မှာ ဒီအခန်းကိုပဲငှါး​လေ့ရှိသည်​​လေ။ သိပ်​ပင်​မကြာလိုက်​ reception ကဖုန်းဆက်​လာပြီး သူ့ကိုဒီအခန်းငှားခဆယ်​ဆပြန်​​ပေးမှာမို့ အခြား​ဈေးတူအခန်းကို​ပြောင်း​ပေးပါလို့ ဧည့်​သည်​တစ်​​ယောက်​က​တောင်းဆို​နေ​ကြောင်း​ပြောလာသည်​။

ဒါကနည်းနည်း​တော့အံ့သြစရာပဲ။ ဒီ​ကောင်​စုတ်​​လေးက အခန်း​လေးတစ်​ခန်းအတွက်​နဲ့ပိုက်​ဆံ​တွေအများကြီးသုံး​နေတယ်​တဲ့။

ချန်​အန်းက လဲလိုရင်​လူကိုယ်​တိုင်​လာ​ပြောလို့ reception ကိုပြန်​​ဖြေလိုက်​ပြီး အခန်းတံခါးကိုမျက်​နှာမူလျှက်​ထိုင်​ကာ​စောင့်​လိုက်​သည်​။ သိပ်​မကြာလိုက်​ဘဲလ်​သံမြည်​လာသည်​။ ချန်​အန်းလက်​မှနာရီကိုကြည့်​ပြီး မျက်​ခုံးပင့်​မိ၏။ မြန်​သားပဲ။

ချန်​အန်း တံခါးဆီ​လျှောက်​သွားပြီး တံခါးအ​ပေါက်​ငယ်​က​နေကြည့်​လိုက်​​တော့ အမျိုးသားတစ်​ဦးမတ်​တပ်​ရပ်​​နေသည်​ကိုမြင်​ပြီး နှုတ်​ခမ်းများ​ကော့တက်​သွားသည်​။ သူအခုလိုအရာအားလုံးကိုထိန်းချူပ်​နိုင်​တဲ့ခံစားချက်​မျိုးသိပ်​ကြိုက်​သည်​။

တံခါးလက်​ကိုင်​ကိုင်​ပြီး​အေး​အေး​ဆေး​ဆေးတွန်းဖွင့်​လိုက်​​တော့ သူ့မျက်​နှာတည်​ညိမ်​​သော်​ငြား လုဖုန်းက​တော့အံ့သြ​နေပုံပင်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now