အခန်း(၉၇) မဟာမိတ်

9K 1.2K 55
                                    

အခန်း(၉၇) မဟာမိတ်

"အိုင်​ဗန်​ကသူ့လူ​တွေကို ကမ္ဘာအနှံ့ဖြန့်​ထားတယ်​''

"ဒါ​တောင်​မှဘာသတင်းမှမရှိ​သေးဘူးလား?'' ချန်​ယန်းသည်​ဧည့်​ခန်းထဲရှိ တင်းရှန်းနှင့်​အခြားရဲများကို​အေးစက်​စွာစိုက်​ကြည့်​​နေသည်​။ ချန်​အန်း​ပျောက်​​နေတာ လဝက်​​တောင်​ရှိ​နေပြီမို့ သူ့အတွက်​​တော့တစ်​ရက်​တစ်​နှစ်​လို့ပဲ အိပ်​မ​ပျော်​စားမဝင်​နဲ့အရိပ်​​တောင်​မှနွမ်းလျ​နေပြီ။

ချန်​အန်း​ပျောက်​ဆုံးသွားသည်​မှာ လူစင်​စစ်​ကအ​ငွေ့ပျံသွားသည့်​အလားပင်​။ ချန်​ယန်းတစ်​ခါ​လေး​တော့ အိုင်​ဗန်​ဖက်​ကဆက်​သွယ်​လာပြီးအ​ပေးအယူလုပ်​လိမ့်​မည်​ဟုထင်​ခဲ့သည်​။ ​ငွေဘယ်​​လောက်​ပဲ​ပေးရပါ​စေ သူသာချန်​အန်းကိုပြန်​ရမယ်​ဆိုရင်​ ရှိသမျှစည်းစိမ်​အားလုံးနဲ့လဲရဲတယ်​။ တကယ်​လို့များအရင်​လိုပြန်​ဆင်းရဲ ရမယ်​ဆိုရင်​​တောင်​ သူမမှုပါဘူး။

ဒါ​ပေမယ့်​ချန်​အန်း​ပျောက်​သွားပြီးကတည်းက သူတို့ဘာသတင်းမှမကြားရ​တော့သလို အိုင်​ဗန်​ဖက်​ကလည်း ဘာသတင်းမှပြန်​မရ​ပေ။ကမ္ဘာကြီးအကျယ်​ကြီး အိုင်​ဗန်​ရဲ့အ​နေအထားနဲ့ဆို ချန်​အန်းကို​မြောက်​ဝင်​စွန်းဆိုရင်​​တောင်​ လုံခြုံ​အောင်​ဖွက်​ထားနိုင်​​လောက်​တယ်​။ ရဲ​တွေက အိုင်​ဗန်​ရဲ့အိမ်​တစ်​ချို့ကို ထိန်းချူပ်​ထားတယ်​ဆို​စေအုန်း မသိတဲ့​နေရာဆို ဘာတတ်​နိုင်​မှာလဲ

ပြီး​တော့ အိုင်​ဗန်​ကချန်​အန်းကို သူ့အိမ်​မှာဖွက်​ထား​လောက်​မှာ​တော့မဟုတ်​ဘူး။ ကမ္ဘာကြီးထဲလူ​ပျောက်​ရှာရတာက သမုဒ္ဒရာထဲအပ်​​ပျောက်​ရှာရသလိုပဲ။ စိတ်​ရှိတယ်​ဆိုထားအုန်း ရှာရခက်​တာ​တော့အမှန်​ပဲ။

"စိတ်​မ​ကောင်းပါဘူး '' တင်းရှန်း​ခေါင်းငုံ့ ထားလိုက်​သည်​။ ခုချိန်​မှာသူ့ရင်​ထဲက အပူ​တွေကချန်​ယန်းထက်​တစ်​ပြားသားမ​လျော့ဘူး။ အဲ့အပြင်​ သူမ​စောင့်​​ရှောက်​နိုင်​လို့ ချန်​အန်းကိုအိုင်​ဗန်​ဖမ်းသွားတာပါလို့ အပြစ်​တင်​​နေမိတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now