အခန်း(၁၀၇) မင်းရဲ့နာကျင်​မှု

9.4K 1.1K 40
                                    

အခန်း (၁၀၇) မင်းရဲ့နာကျင်​မှု

"ဆီ​တွေအကုန်​​ရေနဲ့​ရော​နေလို့ဆီ​ကော​ရေ​ကောသုံးမရဘူး။ ကိုယ်​တို့​ရေ​တွေလည်းမ​လောက်​​တော့ဘူး ဒီအတိုင်းဆို​ရေဓာတ်​ခံ​ခြောက်​မယ့်​လက္ခဏာရှိတယ်​။ မနက်​ဖြန်​ကျရင်​​တော့ ကျွန်း​ပေါ်သွားပြီး​ချောင်းက​လေး​မြောင်းက​လေးများရှိမလားရှာကြည့်​လိုက်​မယ်​။ စားဖို့ငါးလည်းရ​ကောင်းပါတယ်​''

ညစာစားပြီး​တော့အိုင်​ဗန်​ပန်းကန်း​တွေကို​ဆေး​ကြောပြီး သူ့​နေရာနဲ့သူပြန်​ထားလိုက်​သည်​။သူတို့မှာ​ရေသိပ်​မကျန်​​ပေမယ့်​​တော်​​သေးတာက သူ့ဝိုင်​နဲ့ဆိုဒါ​တွေအများကြီးသယ်​လာမိလို့အချိန်​နည်းနည်း​တော့​တောင့်​ခံနိုင်​​လောက်​သည်​။

ချန်​အန်းရက်​အနည်းငယ်​​လောက်​ ဒါ​တွေ​သောက်​ရအုန်းမယ်​ဆိုတာသတိပြုမိ​တော့ အိုင်​ဗန်​နှလုံးပီတိဂွမ်းဆီထိ​နေသည်​။

"ငါလည်းမင်းနဲ့မနက်​ကျလိုက်​ခဲ့မယ်​။''

ချန်​အန်းကြည့်​ရတာပြန်​​ကောင်းသွားပုံပင်​။ မျက်​နှာကလည်းအရင်​လိုဖြူ​ဖျော့မ​နေ​တော့ဘဲ တည်​ညိမ်​​နေသည်​။ တကယ်​တမ်းချန်​အန်းဟာအမြဲလိုတည်​ညိမ်​တတ်​သူပင်​။ဒါ​ကြောင့်​လည်းသူဟာ ကျိုးပဲ့လွယ်​မှန်း မှန်းဆရခက်​သည်​။

မနက်​ကျ​စော​စောထရမှာမို့ နည်းနည်းလည်းပင်​ပန်း​နေတာနဲ့ အိုင်​ဗန်​ညစာစားပြီးတာနဲ့တချိုးထဲအိပ်​​တော့သည်​။ ​ရေလှိုင်းတို့က​လှေက​လေးကို ပုခတ်​လွှဲသလိုဖြည်းညှင်းစွာလွှဲခတ်​​ပေး​နေသည်​။

ချန်​အန်းက​တော့ သူ့နံ​ဘေးခန်း​မှာ​သေ​နေသည့်​ဝက်​ဝံအားအလွန်​တရာမှမနာလိုမိသည်​။ သူမအိပ်​ချခင်​ကတည်းကအိုင်​ဗန်​ရဲ့အသက်​ရှူသံမှန်​မှန်​ကိုကြား​နေရပြီး နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေသည့်​လူတစ်​​ယောက်​၏အသက်​ရှူသံကိုခံစား​နေရသည်​။ ချန်​အန်းလည်းပဲ မျက်​လုံးကိုမှိတ်​ပြီးအိပ်​ရန်​ကြိုးစားလိုက်​သည်​။ အိပ်​တစ်​ဝက်​နိုးတစ်​ဝက်​က ​ရေသံနှင့်​​လှေလွှဲမှုကိုခံစား​နေရပြီး ရင်​ထဲမြှုပ်​နှံထားသည့်​အတိတ်​များဆီသို့ပြန်​​ရောက်​သွားသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now