အခန်း (၁၀၄) စည်းစိမ်​မဲ့

8.3K 1.1K 52
                                    

အခန်း (၁၀၄) စည်းစိမ်​မဲ့

"​ဟေး....ဟယ်​လို.....​မြေ​ခွေးအိုကြီး...... ခင်​များကြီး ရူပါ​ဖြောင့်​ခန္ဓာ​တောင့်​တဲ့ဒီအိုင်​ဗန်​ကိုအရမ်းစွဲလမ်းမိသွားတယ်​မလား။ ဒါ​ကြောင့်​ ကိုယ်​မင်းကိုထားခဲ့မှာ​ကြောက်​ပြီး ကိုယ့်​မျက်​နှာ​ချော​ချော​လေးကိုဖျက်​ဆီးဖို့ကြံ​နေတာလား?'' ဝက်​ဝံ​ပေါက်​ကအရှက်​မရှိဆို​သော်​လည်း ချန်​အန်းကအဖက်​ပင်​မလုပ်​။

"​ဟေး.... ကိုယ့်​ကိုယ်​အဖက်​​လေးလုပ်​ပါအုန်းကွ''

"မင်းအ​ရေကထူလွန်းလို့ အဖက်​လုပ်​ချင်​စရာမ​ကောင်းဘူး''

ချန်​အန်း ​ခြေတစ်​ဖက်​ခုံ​ပေါ်တင်​ကာ ကျောမှီချလိုက်​ပြီး​ဆေးလိပ်​​ငွေ့​တွေကိုမှုတ်​ထုတ်​လိုက်​သည်​။ ဆားငန်​ရည်​​ကြောင့်​လူကနုန်းချင်​သလိုဖြစ်​​နေပြီး ပင်​လယ်​ပြင်​က​ကြောက်​စရာ​ကောင်းစွာညိမ်​သက်​​နေသည်​။ ဒါက သူကျွန်း​ပေါ်​နေခဲ့ရသည့်​အချိန်​များကိုပြန်​သတိရမိ​စေသည်​။ ကွာခြားချက်​က စိတ်​ဆင်းရဲစရာမ​ကောင်းလွန်းသည့်​အချက်​တစ်​ခုသာ။

"မင်းမှာ​ငွေ​တွေအလုံအ​လောက်​ရှိရဲ့သားနဲ့ မတင်းတိမ်​နိုင်​ဘူး ငါ့ကိုလက်​တုန့်​ပြန်​ရမှ​ကျေနပ်​မယ်​ဆိုရင်​ မင်းငါ့ကိုကျွန်းတစ်​ကျွန်းမှဖမ်းထားလိုက်​။ မင်းငါ့ကိုဝှက်​ထားဖို့ဆန္ဒသာရှိရင်​ ၂နှစ်​ ၊ ၃နှစ်​​လောက်​ဆို အပြင်​လူ​တွေရှာ​တွေ့မှာမဟုတ်​​တော့ဘူး''

ချန်​အန်းက ပင်​လယ်​ပြာပြာကိုညွှန်​ပြပြီး ''ဘာကိစ္စငါနဲ့ပင်​လယ်​ထဲသွားချင်​ရတာလဲ။ မ​နေ့ညကလိုမုန်​တိုင်းထပ်​ဖြစ်​ရင်​ နှစ်​​ယောက်​လုံး​သေသွားနိုင်​တာကို''

သူတို့အခုအသက်​ရှင်​​နေ​သေးတာက ကံ​ကောင်းလွန်းလို့လို့ဆိုနိုင်​​ပေမယ့်​ ကံဆိုတာအမြဲတမ်း​ကောင်းနိုင်​တဲ့အရာမှမဟုတ်​တာ။.

"မင်းသိလား ကိုယ့်​မှာမိတ်​​ဆွေတစ်​​ယောက်​ရှိခဲ့ဖူးတယ်​။ သူကအသက်​၃၂နှစ်​ပဲရှိ​သေးတာ ဘီလျံနာတစ်​​ယောက်​။ သူမှာသုံးမကုန်​တဲ့​ငွေ​တွေနဲ့ ​နေ့တိုင်းအသုံး​တော်​ခံဖို့မိန်းမလှ​လေး​တွေဆိုတာလည်းပြတ်​လပ်​တယ်​လို့မရှိဘူး။ ​နေ့တိုင်း သူ​လောင်းကစားမျိုးစုံလုပ်​တယ်​ ​သောက်​စားတယ်​။ ဒါ​ပေမယ့်​ ဘယ်​အရာကမှသူ့ကိုမ​ပျော်​ရွှင်​​စေ​တော့ဘူး ဒါ​ကြောင့်​သူ​ဆေးစသုံးခဲ့တယ်​''

Rebirth of Chen An【Zaw + uni】Where stories live. Discover now