အခန်း ၁၅၄ - စစ်ခရာဖွင့်ခြင်း

1.5K 222 5
                                    

အခန်း ၁၅၄ - စစ်ခရာဖွင့်ခြင်း

'' ချန်ယန်းမင်းအခုကိုယ့်ကိုယ်ကိုအဟုတ်ကြီးထင်နေလည်းခဏပဲ။ အဆင့်ကောင်းတာကနောက်ကျရင်အသုံးမဝင်ဘူး။ မင်းတို့ကောင်တွေကစာလုပ်ရင်းနဲ့ပိန်းလာတဲ့ကောင်တွေလေ။ ဘွဲ့ရသွားတဲ့အခါကျရင်ငါ့ဆီမှာလာအလုပ်လုပ်ပြီး လက်ယပ်ခေါ်တာနဲ့အပြေးလာရမယ့်အဆင့်တွေပဲ။''

ချန်ယန်းကကျောက်ကျစ်လျန်ရဲ့အပြောကိုခဲ့မဲ့မဲ့ပြုံးလိုက်သည်။သူ့အနေနဲ့ဒီလိုကောင်မျိူးကိုအရေးမစိုက်ပေမဲ့ကျော်သွားပြန်ရင်လည်းအားမတန်လို့ဖြစ်ဦးမယ်။

'' ငါ့အချိန်တွေကိုမင်းနဲ့အရည်မရအဖတ်မရမပြောချင်ဘူး''

ပြောပြီးတာနဲ့ချန်ယန်းကစက်ဘီးပေါ်ကဆင်းလိုက်ပြီးကျောက်ကျစ်လျန်ကိုခပ်ပြင်းပြင်းတစ်ချက်ကန်လိုက်သည်။ ရုတ်တရက်အကန်ခံလိုက်ရတာကြောင့်ကျောက်ကျစ်လျန်ကကူကယ်ရာမဲ့လဲကျသွားပြီးဝမ်းဗိုက်ကိုဖိရင်အော်လိုက်တော့သည်။

'' နင်သူ့ကိုရိုက်ရဲတယ်ပေါ့လေ ချန်ယန်း!" ချန်ယန်းရည်းစားဟောင်းကလည်းချန်ယန်းအပြုအမူကြောက်လန့်သွားပြီးကျောက်ကျစ်လျန်ကိုသွားထူလိုက်သော်လည်း ဒေါသစိတ်မွန်နေသည့်ကျောက်ကျစ်လျန်ကသူမကိုတွန်းထုတ်ပစ်လိုက်သည်။ ထို့နောက်ဒယီးဒယိုင်ထပြီးချန်ယန်းကိုထိုးဖို့ရွယ်သည်။ ချန်ယန်းကတော့နေရာကမရွေ့ကိုယ့်ကိုတဖက်ရှောင်ပြီးတံတောင်ဖြင့်ကျောက်ကျစ်လျန်မျက်နှာကိုတိုက်ပစ်လိုက်သည်။

ချန်အန်းကတော့ စက်ဘီးဖင်ထိုင်ခုံကမထဘဲ ဆွေမျိူးတော်သူနှစ်ယောက်ရဲ့ဝိုင်းကြီးပတ်ပတ်တူဝေဝေရန်ပွဲကိုမြိန်မြိန်ကြီးထိုင်ကြည့်နေသည်။ ကျောက်ကျစ်လျန်ကအပြောကြီးပေမဲ့ချန်ယန်းလိုသန်မာတောင့်တင်းတဲ့သူမျိူးရဲ့ပြိုင်ဖက်မဟုတ်တာကြောင့်သူချည်းခံနေရပြီး နောက်ဆုံး သူ့ကောင်မလေးက security ကိုသွားခေါ်လာတော့မှပွဲပြီးသွားသည်။

ပါချူပ်ရုံးခန်းထဲသို့အလည်ရောက်သွားပြီး ရုံးခန်းစာရေး၏မာထန်ထန်အမေးနှင့်အရင်ကြုံလိုက်ရသည်။ ''မင်းတို့နှစ်ယောက်ကကျောင်းဝန်းထဲဘာဖြစ်လို့ရန်ဖြစ်နေကြတာလဲ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now