အခန်း(၁၀၈) ​ကောင်း​ကောင်းဆိုးဆိုးအတူတူမျှ​ဝေ

8.9K 1.1K 59
                                    

အခန်း (၁၀၈) ​ကောင်း​ကောင်းဆိုးဆိုးအတူတူမျှ​ဝေ

ဒီနှစ်​​တွေမှာချန်​အန်းအိမ်​မက်​မက်​ခဲသည်​။ ထိုကဲ့သို့တိကျပျက်​သား​သောအတိတ်​မှပုံရိပ်​များကိုပြန်​လည်​ အိမ်​မက်​မက်​သည်​မှာ ပြန်​လည်​​မွေးဖွားပြီး​နောက်​ယခုအချိန်​မှသာပထမဦးဆုံးဖြစ်​သည်​။ ဟိုးအရင်​သူအိမ်​မက်​မက်​ပြီးလန့်​နိုးလာခဲ့ရင်​ သူ့နံ​ဘေးဘယ်​သူမှမရှိသလို သူလည်းဘယ်​သူ့ကိုမှမ​ခေါ်ဖြစ်​ အခန်းမီးကိုဖွင့်​ပြီး စီးကရက်​တစ်​ဗူးကိုယူကာ မိုးလင်းလို့ပြန်​အိပ်​ချင်​သွားတဲ့အထိ တစ်​လိပ်​စီ​သောက်​​နေခဲ့သည်​။

"အချစ်​ ကိုယ်​မင်းအတွက်​နို့ကြိုထားတယ်​ မနက်​စာကိုအခန်းထဲယူခဲ့​ပေးရမလား''

အခန်းအပြင်​ကအိုင်​ဗန်​၏အသံကိုကြားလိုက်​ရသည်​အထိသူအိပ်​ယာ​ပေါ်ညိမ်​ညိမ်​သက်​သက်​ ထိုင်​​နေမိသည်​။ အရက်​မူး​နေတာမဟုတ်​ခဲ့တဲ့အတွက်​ မ​နေ့ကညကအဖြစ်​အပျက်​အားလုံး သူရှင်းရှင်းလင်းလင်းမှတ်​မိ​နေသည်​။ အိုင်​ဗန်​ဘာလုပ်​ခဲ့​ကြောင်း။

ချန်​အန်းကိုယ့်​နဖူးကို တဖက်​ဖက်​မြည်​​အောင်​ပြန်​ရိုက်​လိုက်​သည်​။ အဝတ်​​တွေမြန်​မြန်​ဆန်​ဆန်​ဝတ် မျက်​နှာသစ်​သွားတိုက်​ပြီး​တော့ အိုင်​ဗန်​ရှိရာထမင်းဝိုင်းဆီဝင်​ထိုင်​လိုက်​သည်​။

နို့နဲ့အတူအိုင်​ဗန်​မ​နေ့ကရလာတဲ့ စ​တော်​ဘယ်​ရီ​တွေကို​ရောလိုက်​​တော့ ချိုချဉ်​ချဉ်​ယိုတစ်​ခုအဖြစ်​နဲ့​ပေါင်​မုန့်​ရဲ့တွဲဖက်​ဖြစ်​လာသည်​။

"မနက်​​ရောက်​လာရင်​မင်း​တော့ကိုယ့်​ကိုလက်​ထပ်​မှာပဲလို့ကိုယ်​ထင်​ထားတာ'' ညကအစာဝသွားသည့်​ဝက်​ဝံက ရွှင်​လန်းစွာပြုံး၏။ လက်​ထဲက​ပေါင်​မုန့်​ကိုနှစ်​ပိုင်းပိုင်း နို့စ​တော်​ဘယ်​ရီကိုအလယ်​မှာဆမ်းပြီး ချန်​အန်းပန်းကန်​တွင်းထည့်​​ပေးလိုက်​​သေးသည်​။

ချန်​အန်းကစိတ်​ဆိုးသည့်​ပုံမ​ပေါ် နို့ကိုတစ်​ငုံမျှ​သောက်​ပြီး​နောက်​ ထို​ပေါင်​မုန့်​ကိုယူစားလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now