အခန်း(၄၀) ငါးစာ​တော့ချလိုက်​ပြီ

11.1K 1.4K 43
                                    

အခန်း(၄၀) ငါးစာ​တော့ချလိုက်​ပြီ

"ဒီ​နေ့ခင်​များပုံစံက​ကြော့​မော့​နေတာပဲဗျာ GMချန်​ ။ ခင်​များဘယ်​လိုလုပ်​ကျူပ်​တို့ကိုဒီလိုလုပ်​ရက်​တာလဲ'' ရယ်​သံတစ်​ချို့နှင့်​အတူ ဟိုတယ်​၏ခန်းမကြီး၌ပင်​အသက်​၄၀ ဝန်းကျင်​အမျိုးသားတစ်​ဦးကချန်​အန်းကို ကိုယ်​တိုင်​လာ​ရောက်​နှုတ်​ဆက်​သည်​။

ချန်​အန်းအပြုံးတစ်​ခုနှင့်​အတူထိုအမျိုးသားကိုကြည့်​လိုက်​သည်​။ထိုအမျိုးသား၏ပုံပန်းသဏ္ဌာန်​က၅၀နီးပါးဖြစ်​​နေ​သော်​လည်း အမှန်​စင်​စစ်​မှာမူ၄၀ဝန်းကျင်​သာရှိ​သေးသည်​။ ဒါ​တွေအားလုံးကသူ့ရဲ့​လောကဝတ်​အရဖိတ်​​ကျွေးသမျှစား​သောက်​​နေခြင်းနှင့်​ ဝိုင်​အရက်​ကိုမ​ရှောင်​​သော​ကြောင့်​ဖြစ်​သည်​။

"ခင်​များလည်း​ပြောင်းလဲချင်​လို့လား GMမာထျန်း ဒါဆိုကျူပ်​နဲ့အတူGym လိုက်​​ဆော့ရင်​ဘယ်​နဲ့လဲ''

ချန်​အန်းပြုံးပြီး သူ့အကြည့်​တို့ကGMမာ၏ပြည့်​​ဖောင်း​နေ​သောမျက်​နှာမှဝိုင်​စည်​အိုးဗိုက်​ဆီ​ရောက်​သွားသည်​။ လွန်​ခဲ့တဲ့၆လ​ကျော်​​လောက်​ကသူ့ဗိုက်​လည်းဒီလူဗိုက်​ထက်​မ​သေးခဲ့ပါဘူး။

ထို့​နောက်​ ချန်​အန်း GMမာနှင့်​အတူ ပရဟိတအတွက်​​လေလံပွဲအခမ်းအနားရှိရာ receptionဆီသို့​လျှောက်​သွားလိုက်​သည်​။ GMမာက ​ဟောင်​​ကောင်​ကသူ့အသိတစ်​​ယောက်​ပဲ။
တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့တာလို့ထင်​ရ​ပေမယ့်​တကယ်​တမ်း​တော့အားလုံးကချန်​အန်းအစီအစဉ်​အတိုင်း​တွေ့ခဲ့တာပဲ။
သူချန်​ကျန်းအန်းဘဝတုန်းကလည်းဒီလူကိုသူသိတယ်​။သူ့ရဲ့လက်​နက်​အ​ရောင်းအဝယ်​လုပ်​ငန်းအပြင်​ သူအခြားအရာ​တွေမှာလည်းရင်းနှီးမြှုပ်​နှံထားတယ်​။ အကျိုးတူဖက်​စပ်​လုပ်​ငန်း​တွေလိုမျိုး သူ့ဝင်​​ငွေကိုမ​နှောင့်​​နှေး​စေမယ့်​အရာအားလုံး​ပေါ့။

လူတိုင်းမှာသူတို့စိတ်​ဝင်​စားတဲ့အရာကိုယ်​စီရှိကြတယ်​။တစ်​ခါတစ်​​လေမှာ​တော့အဲ့ဒီအတွက်​တွန်းအားတစ်​ခု​တော့လိုတယ်​။မင်းလိုချင်​တဲ့အရာကိုမင်းဘယ်​က​နေစပြီးယူရမယ်​ဆိုတာမင်းသိရင်​ မင်းရည်​ရွယ်​ချက်​​အောင်​မြင်​ဖို့ကအ​သေချာပဲ​ပေါ့။
GMမာ ကချန်​အန်းလိုချင်​တာအကုန်​လုံးကိုနားလည်​တယ်​။ ချန်​အန်းမှာရင်းနှီးမြှုပ်​နှံဖို့​ငွေရှိ​နေသ၍နှစ်​ဦးနှစ်​ဖက်​အဆင်​​ပြေတာပဲ။ သူတို့ဘယ်​လိုသိခဲ့ကြသလဲဆို​တော့ ​ဟောင်​​ကောင်​က ခရစ္စတင်း ရဲ့ လက်​​ရေးလှနဲ့ပန်းချီကား​လေလံတင်​ပွဲတစ်​ခုမှာဖြစ်​တယ်​။ ချန်​ယန်းရဲ့လက်​​ရေး​ကြောင့်​သူတို့ရင်းနှီးသွားကြတာလည်းပါတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now