အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း

1.6K 296 16
                                    

အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း

ဧကရာဇ်ရဲ့မှတ်ဥာဏ်ထဲကမြင်ရတဲ့အိုင်ဗန်ဟာဆိုရင်ဖြင့် မျက်နှာတော့တူပေမဲ့စရိုက်ကတော့တခြားစီပေ။
ဟာသဥာဏ်ရွှင်သလား? နိုး
ပျော်ပျော်နေတတ်လား?  နိုး
အဲ့အစားဒီလူကအရမ်းကိုအေးဆေးတည်ငြိမ်ပြီးဧကရာဇ်အပေါ်မှာအရမ်းကိုသစ္စာရှိတာပဲ။

ချန်အန်းအနေနဲ့အိုင်ဗန်မျက်ရည်ကျတာကိုမြင်ရဖို့အခွင့်အရေးမရသေးပေမယ့် အိုင်ဗန်နဲ့တူတဲ့လူငိုနေတာကိုတော့သူမြင်ခဲ့တယ်။ မြောက်ပိုင်းတိုင်းခေါင်းဆောင်ကဧကရာဇ်မသေခင်ရေးခဲ့တဲ့စာကိုလက်ထဲမှာကျစ်ကျစ်ဆုပ်ရင်းနဲ့တိတ်တိတ်ကလေးမျက်ရည်ကျပြီးငိုနေခဲ့တယ်။

ပြီးတဲ့နောက်မှာတော့ဘာစကားတစ်ခွန်းမှမဆိုဘဲ တပ်ခေါက်ပြန်သွားတယ်။ ဧကရာဇ်ကသေသွားပေမဲ့လည်းသူ့ကိုတကယ်ချစ်တဲ့လူကတော့သူသေတဲ့အထိသူ့ကိုယုံကြည်ပေးနေတုန်းပဲ။

ဒါကချန်အန်းမေ့မလဲခင်နောက်ဆုံးမှတ်မိတဲ့မှတ်ဥာဏ်ပဲ။

အဖြူရောင်အလင်းတန်းကချန်အန်းကိုအစစ်အမှန်နဲ့တူလွန်းတဲ့ကမ္ဘာကြီးထဲခေါ်သွားခဲ့သလိုအဖြူရောင်အလင်းတန်းကပဲသူ့ကိုရင်းနှီးနေတဲ့ကမ္ဘာထဲပြန်ခေါ်လာခဲ့တယ်။

အခုချန်အန်းအတွေးထဲမှာတော့ ဒါတွေကဘာတွေလဲ။သူအခုပြန်လို့ရပြီလား။ဒါတွေအကုန်လုံးကအိမ်မက်တွေလားအစစ်အမှန်တွေလား။

ချန်အန်းဒီတစ်ခေါက်မျက်စိဖွင့်လိုက်ချိန်မှာတော့မြင်ရတာကအဖြူရောင်မျက်နှာကျက်တ်ခုပဲ။ ထုံးစံအတိုင်းပဲသေချာတော့မမြင်ဘူးပေါ့။ဒါနဲ့ပဲမျက်မှန်ကိုလှမ်းယူလိုက်တယ်။အဲ့ဒီအချိန်မှ လက်မှာအပ်ထိုးထားတာရောအောက်စီပိုက်တပ်ထားတာရောသတိထားမိတယ်။ ခေါင်းနည်းနည်းစောင်းကြည့်လိုက်တော့အောက်စီဂျင်အိုးနဲ့ဆေးပိုက်တွေတတီတီမြည်နေတဲ့ဂဏန်းအက္ခရာတွေကိုမြင်လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ ဆရာဝန်တွေကသူ့ဆီအလောတကောဖြင့်ပြေးလာကြသည်။

'' လူနာနိုးလာပြီ။''

ဒါကချန်အန်းပြန်အိပ်မပျော်သွားခင်နောက်ဆုံးကြားလိုက်ရသည့်အသံပင်။သူ့စိတ်ထဲမှာတော့ဒါအိမ်မက်မဟုတ်ပါစေနဲ့သူ့ကိုအဲ့ဒီကမ္ဘာကြီးဆီပြန်မခေါ်သွားပါနဲ့ဟုဆုတောင်းနေမိသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now