အခန်း(၁၀၅) လူသူမဲ့ကျွန်း​ပေါ်

8.2K 1K 47
                                    

အခန်း(၁၀၅) လူသူမဲ့ကျွန်း​ပေါ်

အိုင်​ဗန်​ကဆန့်​တန်းထားသည့်​လက်​နှစ်​ဖက်​ဖြင့်​ ချန်​အန်းပုခုံးကိုသိုင်းဖက်​ကာနှီးကပ်​စွာတိုးထိုင်​လိုက်​သည်​။

"ကိုယ်​မင်းနဲ့အတူ​နေချင်​တယ်​''

"ဖယ်​စမ်း''

"မစိမ်းကားစမ်းပါနဲ့အချစ်​ရယ်​...​တွေးကြည့်​စမ်းပါ အထီးကျန်​ရတဲ့အရသာဟာဘယ်​​လောက်​​တောင်​မှ​ခြောက်​ကပ်​သလဲဆိုတာ မင်းကကိုယ်​ထက်​ပိုသိပါတယ်​''

ရုတ်​တရက်​ အိုင်​ဗန်​ကချန်​အန်းကိုနမ်းလိုက်​ပြီး အပြုံးနှင့်​ဆိုသည်​။ ''မင်းကိုယ့်​ကိုချစ်​လာမှာကိုလည်းမလိုချင်​ပါဘူး ပြီး​တော့ ကိုယ့်​နားမှာတစ်​ချိန်​လုံးရှိ​နေဖို့လည်းစိတ်​မကူးရဲဘူး။ တကယ်​လို့ မင်းပင်​ပန်းလာတဲ့အခါ အထီးကျန်​လာတဲ့အခါကျရင်​​တော့ ကိုယ့်​ဆီလာဖို့မ​မေ့ပါနဲ့။ ဒီအိုင်​ဗန်​ရဲ့ရင်​ခွင်​ကမင်းကိုအမြဲကိုဆို​နေမှာပါ''

"မချစ်​ဘူး'' ချန်​အန်း ၊ အိုင်​ဗန်​နမ်းခဲ့သည့်​​နေရာကိုလက်​ဖြင့်​သုတ်​လိုက်​ပြီး အိုင်​ဗန်​၏မျက်​နှာကိုလက်​ဖဝါးဖြင့်​အုပ်​ပြီးဖိကုပ်​လိုက်​သည်​။ အိုင်​ဗန်​၏ယက်​ကန်​ယက်​ကန်​အမူအရာ​ကြောင့်​ သူရယ်​မိသွားသည်​။ ''မင်းက​လေ အိမ်​​မွေးတိရိစ္ဆာန်​​နဲ့တကယ်​တူတယ်​''

အိုင်​ဗန်​က ချန်​အန်းရဲ့အ​လျှော့​ပေးမှုမှာအခွင့်​​ကောင်းယူပြီး ချန်​အန်းလက်​​ချောင်းထိပ်​ကိုဖြတ်​ခနဲနမ်းကာ ညစ်​ကျယ်​ကျယ်​ပြုံးလိုက်​သည်​။ ''ကျွတ်​! ​မြေ​ခွေးကြီးလက်​စသတ်​​တော့ခင်​များက တိရစ္ဆာန်​နဲ့တူတဲ့လူမျိုးကိုကြိုက်​တာကိုး....အကြိုက်​ကဆန်းပါ့ကွာ''

"​လေချည်းဖုတ်​မ​နေနဲ့ လက်​ရှိအ​ခြေအ​နေကိုစဉ်းစားအုန်း။ ​ရေသန့်​စနစ်​ကိုပြင်​ပြီးပြီလား''

အိုင်​ဗန်​ကသူ့လက်​​မောင်းတစ်​ဖက်​ကိုလည်​ကာအ​ညောင်းဆန့်​လိုက်​ပြီး ''ဟင်​အင်း ''

ချန်​အန်းစီးကရက်​ကိုတစ်​ဖွာရှိုက်​ပြီး ကမ်းမမြင်​လမ်းမမြင်​ပင်​လယ်​ကြီးကိုကြည့်​ကာဆိုသည်​။ ''ငါအရူးတစ်​​ယောက်​နဲ့အတူမ​သေချင်​ဘူး''

Rebirth of Chen An【Zaw + uni】Where stories live. Discover now