အခန်း (၃၆) လူ​လေးဦး၊အ​တွေးကိုယ်​စီ

12.3K 1.6K 126
                                    

အခန်း (၃၆) လူ​လေးဦး၊အ​တွေးကိုယ်​စီ

အိုင်​ဗန်​​နောင်​တအရဆုံးက သ​ဘောင်္​ပေါ်မှာတုန်းကမူး​နေတဲ့ချန်​အန်းကိုအခန်းထဲထိ​ခေါ်လာပြီးဘာမှမလုပ်​လိုက်​ရတာကိုပဲ။ ​လောကကြီးမှာအ​ဝေးဆုံးအကွာအ​ဝေးက 'ငါမင်းကိုချစ်​တယ်​။ဒါ​ပေမယ့်​မင်းက​တော့မသိဘူး' ဆိုတာမဟုတ်​ဘူး။ အဲ့တာက ချန်​အန်း​ရေချိုး​နေတာကို သူကအပြင်​မှာအရူးလိုရပ်​​နေခဲ့မိတာပဲ။

အ လိုက်​တာ။ တကယ်​ကိုအ,တာပဲ။ သူ့အခုအရမ်းအရမ်းကို​နောင်​တရ​နေမိတယ်​။ သူ့ ဘဝကို​နောင်​တကြီးနဲ့မရှင်​သန်​သွားချင်​ဘူး။ သူဝိုင်​ပုလင်းကိုလှမ်း​ပေး​နေစဉ်​မှာပဲသူ့မျက်​လုံးတို့က ခပ်​ညစ်​ညစ်​အ​ရောင်​များယှက်​သိုင်းလာသည်​။

"ကိုယ်​ကတိ​ပေးတယ်​။ မင်းဒီဝိုင်​တစ်​ပုလင်းလုံးကိုကုန်​​အောင်​​သောက်​နိုင်​ရင်​ ကိုယ်​မင်းတို့ကိုသွားခွင့်​​ပေးမယ်​''

ချန်​အန်းဘာစကားမှမ​ပြောပဲ ဝိုင်​ပုလင်းကိုလှမ်းယူပြီး ​ခေါင်း​မော့၍တဂျူတ်​ဂျူတ်​မြည်​​အောင်​​မော့​သောက်​ပစ်​လိုက်​သည်​။
ဝိုင်​​တွေကို​ရေလိုမျက်​နှာတစ်​ချက်​မပျက်​ပဲ​သောက်​​နေတဲ့သူ့​ရှေ့ကလူကိုမြင်​​တော့ အိုင်​ဗန်​ခဏ​လောက်​ဆွံ့ အသွားသည်​။ ထို့​နောက်​ရယ်​မိ​တော့သည်​။ လက်​ခုပ်​တီး၍​ခေါင်းညိမ့်​လျှက်​ပင်​ချီးကျူးလိုက်​​သေးသည်​။

"Beautiful, I like it!"

ချန်​အန်းကသူ့အရင်​​တွေ့ခဲ့ဖူးတဲ့လူ​တွေနဲ့အရမ်းကိုကွာခြားလွမ်းတယ်​။ပုံမှန်​အားဖြင့်​လူ​တွေကသူ့ဆိုရင်​ မယုံသင်္ကာဖြစ်​တတ်​ကြတယ်​။ ဒီလူသူ့ရဲ့စကားကိုဘာ​ကြောင့်​ယုံရသလဲအိုင်​ဗန်​မသိ​ပေမယ့်​ သူ့စိတ်​ထဲမှာ​တော့အယုံကြည်​ခံရတဲ့ခံစားချက်​ကိုအ​တော်​နှစ်​ခြိုက်​​နေတယ်​။

"Uhmp! Uhmp!'' ချန်​အန်းကသူတို့ဘဝအဲ့ဒီဝိုင်​တစ်​လုံး​ပေါ်မှာမူတည်​​နေသလို တုန့်​ဆိုင်းခြင်းမရှိတရစပ်​​သောက်​​နေတာမြင်​​တော့ချန်​ယန်း​ဒေါသထွက်​ပြီးရုန်း​တော့သည်​။ သူမတ်​တပ်​ရပ်​ဖို့ကြိုးစား​ပေမယ့်​သူ့​ဘေးကအိုင်​ဗန်​သက်​​တော်​​စောင့်​​တွေက သူ့ကိုပြန်​ချူပ်​ထားကြသည်​။ သူ့မျက်​စိ​ရှေ့ဖြစ်​ပျက်​သွားအရာအားလုံးကချန်​ယန်းကိုထိုးနှက်​လျှက်​ရှိသည်​။ သူ့လက်​​တွေက​နောက်​မှာ အခြားလက်​တစ်​ခုရဲ့ချူပ်​​နှောင်​ခြင်းကိုခံထားရတယ်​။သူလှုပ်​ဖို့ကြိုးစားရင်​​တောင်​နာတာကလွဲပြီးဘာမှပြန်​မရဘူး။ သူအခု ချန်​အန်းသူ့အတွက်​နဲ့ဝိုင်​တစ်​ပုလင်းလုံး​သောက်​​နေရတာကို အကူအညီမဲ့စွာပဲကြည့်​​နေနိုင်​​တော့တယ်​။
ယခင်​ကမမြင်​ခဲ့ဖူး​သောအခုလိုအနိုင်​ထက်​စီးနင်းပြုသည့်​မြင်​ကသူ့အတွက်​ငရဲခန်းလိုပင်​ နှလုံးသားကိုအရှိန်​ပြင်းပြင်း​လောင်​မြိုက်​​နေ၏။ သူ့လက်​​တွေကတင်းတင်းကြပ်​ကြပ်​အချူပ်​ခံရသဖြင့်​အ​ကြောများပင်​​ထောင်​ထ​နေသည်​။ သူဘာမှမလုပ်​နိုင်​ဘူး။သူ့မှာအင်​အားမရှိတဲ့အတွက်​ကြည့်​ပဲ​နေနိုင်​တယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now