အခန်း (၁၁၉) သူလျှိူရှာခြင်း

4.4K 643 57
                                    

အခန်း (၁၁၉) သူလျှိူရှာခြင်း

အလွှာတစ်လွှာလုံးငှားရမ်းထားပြီး လုံခြုံရေးအတွင်းအပြင်ချထားသည့် စီးပွားရေးအစည်းအဝေးအမည်ခံ ညီလာခံခန်းမတွင်လူအနည်းခံသာစုဝေးနေကြသည်။ ထိုသူများက လက်နက်ရာဇာလောကထိပ်ခေါင်များနှင့် လုဖုန်း ဦးဆောင်သည့် ''ညီနောင်များအဖွဲ့ '' မှ အထင်ကရပုဂ္ဂိုလ်များပါဝင်သည်။

''ညီနောင်များအဖွဲ့ '' ကို ကနဦးတည်ထောင်ခဲ့သူက ချန်ကျန်းအန်းနှင့်ချန်ကျန်းလေ့ ပင်ဖြစ်သည်။ ၎င်းက လက်နက်စီးပွားရေးလောက ၊ ကြေးစားစစ်သားလောက ၊အိမ်ခြံမြေလောက နှင့် ဖျော်ဖြေရေးလောကအထိ စီးပွားရေးခွင်ချဲ့ထားပြီး လက်နက်လောကကိုကျောရိုးထားသည်။

လက်နက်လောကမှာတော့ အပိုင်းလေးပိုင်းခွဲထားသည်။ အရှေ့ဖက်က အရှေ့အလယ်ပိုင်းစီးပွားခွင်ကိုယူထားပြီး တောင်ပိုင်းကတောင်အာရှ ၊ အရှေ့တောင်အာရှနဲ့ ဩဇီ ၊ မြောက်ပိုင်းက စကင်ဒီနေးဗီယားနိုင်ငံတွေနဲ့ရုရှား ၊ အနောက်ကတော့ အနောက်နိုင်ငံတွေကို အုပ်စိုးထားသည်။

ဒီတစ်ခါမှာတော့ အရှေ့ပိုင်းကအုပ်ချူပ်တဲ့ ဆီးရီးယားမှာပြသာနာဖြစ်ခဲ့သည်။ ပြသာနာရဲ့အဆင့်ကို အနီလို့လည်းသတ်မှတ်လို့ရသလို လိမ္မော်လို့လည်းသတ်မှတ်လို့ရသည်။ ဆုံးရှုံးမှုအနေနဲ့က အဖွဲ့တစ်ခုအနေနဲ့ဆိုမပြောပလောက်ပေမယ့် သူလျှူ္ိရှိနေတာလားဆိုတာကတော့ အရေးယူစဥ်းစားစရာဖြစ်နေသည်။ ဘာကြောင့်ဆို သာမန်လူတစ်ယောက်အနေနဲ့တော့ ဘယ်နည်းနဲ့မှအချိန်တိုလေးအတွင်း မြို့စောင့်တပ်ကိုဖျက်ဆီးပြီး လက်နက်တွေလုသွားတာမျိူးလုပ်နိုင်မှာမဟုတ်မှန်းလူတိုင်းသိ၏။

မတော်တဆလေးထဲက ' သစ္စာဖောက် ' သို့မဟုတ် 'သူလျှိူ ' ဆိုတဲ့စကားလုံးပါလာရင် လျစ်လျူရှုထားလို့မရတော့တာပါပဲ။

'' ကိုယ့်နယ်မြေမှာ ကိုယ့်အိမ်ကိုယ်ဖောက်ခွဲပစ်ရလောက်အောင် ကျူပ်ရူးမနေဘူး။ ကျူပ်လုပ်ရင် အထိနာဆုံးဖြစ်မှာက ကျူပ်ပဲ '' အရှေ့ပိုင်းဌာန၏ ခေါင်းဆောင် အဲရဖပ်က စငြင်းသည်။

အဲရဖပ်က အသက်လေးဆယ်အရွယ် အာရပ်လူမျိူးတွေမှာတွေ့နေကျအသွင်အပြင်လို မုတ်ဆိတ်ပုသိုင်းမွှေးများနှင့်ဖြစ်ပြီး ခပ်မာမာမျက်နှာက အပေါက်အလမ်းတည့်ရန်ခက်သောသူမှန်းသိသာစေလွန်းသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now