အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ

1.4K 272 13
                                    

အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ

ဧကရာဇ်၏စာကြည့်ခန်းအပြင်ခြံဝန်းထဲတွင်သစ်ပင်ကြီးတစ်ပင်ရှိသည်။တင်းရှန်းကထိုသစ်ပင်ပေါ်တွင်ထိုင်လျက်ချန်အန်းနှင့်ဝမ်ရယ်တို့စကား​ပြောနေသည်ကိုကြည့်နေခဲ့သည်။

ချန်အန်းနဲ့ဝမ်ရယ်တို့ရဲ့စကားဝိုင်းကသိပ်တော့မကြာလှ။ ချန်အန်းကဘာပြောလိုက်တယ်တော့သူမသိ စာကြည့်ခန်းထဲကပြန်ထွက်လာတဲ့ဝမ်ရယ်ကတော့ဖြူဖတ်ဖျော့တော့ပြီးလမ်းတောင်အနိုင်နိုင်လျှောက်ထွက်လာသည်ကိုမြင်နေရသည်။

စစ်သူကြီးအလှည့်ရောက်လာတော့လည်းရှေ့ကဝမ်ရယ်လိုပါပဲ။ စာကြည့်ခန်းထဲပြန်ထွက်လာချိန်မှာတစ်ကိုယ်လုံးတုန်ရင်ပြီးမျက်လုံးတွေကအာရုံစိုက်မရကမောက်ကမနှင့်ထွက်လာသည်။

ချန်အန်းတစ်ယောက်တည်းကသာဘာမှမဖြစ်ဘဲပြန်ထွက်လာသည်ကိုမြင်ရသည်။

''အန်ကယ်ချန်ဘာတွေပြောလိုက်တာလဲ။သူတို့ကြည့်ရတာဝိညာဥ်လွင့်သွားသလိုပဲ။''

တင်းရှန်းကဇဝေဇဝါနှင့်မေးလိုက်သည်။တစ်ဖက်မှာတော့မြေခွေးအိုကြီး၏အပြောမှာ ပြားပြားဝပ်သွားတဲ့စစ်သူကြီးနဲ့ဝမ်ရယ်ကြောင့်ချန်အန်းကိုပိုလေးစားမိပြန်သည်။ တစ်ဖက်မှာတော့စိတ်မတင်မကျ။သူနဲ့ချန်အန်းကြားကကွာဟမှုတစ်ခုကိုအတိုင်းသားခံစားနေရသည်။ 'ဖြစ်နိုင်ချေ' ဆိုတဲ့ကွာဟမှုပင်။

'' မင်းကမျောက်မလို့အပင်ပေါ်တက်နေတာလား။အောက်ဆင်းခဲ့!" ချန်းအန်းရဲ့သမိုင်းမှာသူတစ်ပါးကိုမော့ကြည့်ပြီးစကားပြောရတယ်ဆိုတဲ့စာမျက်နှာမရှိဘူး။ တင်းရှန်းလိုမျောက်ကျပြီးအပင်ပေါ်လည်းလိုက်တက်မှာမဟုတ်ဘူး။

ပန်းအိုးတွေနားမှာထိုင်ချပြီးချန်အန်းကသူ့လက်ချောင်းတွေကိုပွတ်လိုက်သည်။အခုတော့အိုင်ဗန်အမြဲဆောင်ထားနေကျဆေးလိပ်ကိုသူသုံးလို့ရပြီလေ။
အမှန်ပြောရရင်တင်းရှန်းနဲ့သူကဒီကမ္ဘာရဲ့အပြင်ဖက်ကလူတွေပဲ။ဒါကြောင့်ဒီကမ္ဘာတွေရဲ့လူတွေရဲ့အတိတ်တွေကိုစာအုပ်တစ်အုပ်ဖတ်သလို ဝေဖန်ပိုင်းခြားလို့အလွယ်လေးရတယ်။ပြီးတော့အပြင်လူတွေဆိုတာ ပြသာနာဖြစ်နေတဲ့လူတွေရဲ့ပြသာနာအလုံးစုံကိုရှင်းရှင်းလင်းလင်းပိုမြင်ရတာထုံးစံပဲလေ။ တစ်ခါတစ်လေမှာ အထင်လွဲမှုတွေဆိုတာစကားလေးတစ်ခွန်းနဲ့လည်းပြေလည်သွားနိုင်တဲ့ကိစ္စပဲ။ ဒါပေမဲ့လူတွေရဲ့တစ်ယောက်ကိုတစ်ယောက်အယုံအကြည်ကင်းမဲ့မှုကအထင်လွဲမှုကိုကြေကွဲစရာဇာတ်လမ်းအဖြစ်ပြောင်းလဲသွားစေတယ်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now