အခန်း(၅) အချစ်​လုဖက်​နဲ့ပြိုင်​ဖက်

17.1K 1.9K 13
                                    

အခန်း(၅)အချစ်​လုဖက်​ နှင့်​ ပြိုင်​ဖက်

လောကကြီးတစ်​ခုလုံးကပိရမစ်​လိုပဲ။ ပိရမစ်​​အောက်​​ခြေကလူ​တွေက ဘဝအတွက်​ခက်​ခက်​ခဲခဲရုန်းကန်​​နေရတဲ့ပုရွတ်​ဆိတ်​​တွေနဲ့တူတယ်​။ အဲ့ဒီလူ​တွေကိုသနားစရာသတ္တဝါလို ပိရမစ်​ထိပ်​ကငုံ့ ကြည့်​​နေတဲ့လူ​တွေက​တော့ နတ်​ဘုရား​တွေ​ပေါ့။

စီးကရက်​ကိုလက်​နှစ်​​ချောင်းကြားညှပ်​လျှက်​ အိုင်​ဗန်​ခပ်​ပြင်းပြင်းရှိုက်​ပြီးအ​ငွေ့တို့ကိုဖြည်းဖြည်းချင်းမှုတ်​ထုတ်​လိုက်​သည်​။ တိမ်​တိုက်​လိုအ​ငွေ့တို့ကမျက်​နှာချင်းဆိုင်​မှမှန်​နံရံကိုတိုးတိုက်​ပြီးပြိုကွဲသွားကုန်​ကြ၏။လက်​တစ်​ဖက်​ကို​ဘောင်းဘီအိပ်​ကပ်​ထဲလျှိုလျှက်​ တစ်​ချက်​ကြည့်​ရုံမျှဖြင့်​ အ​ရှေ့ဥ​ရောပသားမှန်းသိသားလွန်းသည့်​အမျိုးသားတစ်​ဦးသည်​ ရှန်​ဟိုင်း၏အထင်​ကရပြယုဒ်​ဖြစ်​သည့်​မိုး​မျှော်​စင်​ဟိုတယ်​ကြီး၏အ​ပေါ်ဆုံးထပ်​ တွင်​မတ်​တပ်​ရပ်​​နေသည်​။ သူ၏​ရေခဲပြာမျက်​ဝန်းများကတည်​ညိမ်​စွာဖြင့်​ တိုးတက်​​နေ​သောရှန်​ဟိုင်းမြို့ဆည်းဆာအလှကိုကြည့်​​နေ၏။

မင်းအ​နေနဲ့ပိရမစ်​ရဲ့ထိပ်​ဆုံးများဖြစ်​ဖြစ်​ ​အောက်​​ခြေမှာပဲဖြစ်​ဖြစ်​ ​သေခြင်းတရားက​နေ​တော့ရုန်းထွက်​လို့မရနိုင်​ဘူး။ပြသာနာက ချန်​ကျန်းအန်း​သေတာအရမ်းကိုရုတ်​တရပ်​ဆန်​လွန်းတယ်​။

ရေခဲထုကဲ့သို့အပြာ​ရောင်​မျက်​ဝန်းများနှင့်​အတူ အိုင်​ဗန်​ ၏ ​ရွှေ​ရောင်​​ဖျော့​ဖျော့ဆံပင်​တို့က ဆည်းဆာ​ရောင်​ခြည်​​အောက်​တွင်​ အ​ရောင်​လက်​​နေသည်​။ ဒီ​နေရာက ချန်​ကျန်းအန်းရဲ့​မွေးရပ်​​မြေ ဒါ​ကြောင့်​သူ့အတိတ်​ကိုပြန်​မ​တွေးမိပဲမ​နေနိုင်​ဘူး။ သူချန်​ကျန်းအန်းကိုပထမဦးဆုံးအကြိမ်​​တွေ့တဲ့အချိန်​က သူဟာ ​ခြေအိတ်​ဖြူ၊လည်​သာဖိနပ်​နှင့်​ ကြိုးသိုင်း​ဘောင်​ဘီတိုကိုဝတ်​ထားသည့်​ ၁၀နှစ်​အရွယ်​က​လေးသာသာ သာရှိ​သေးသည်​။

USSR ကျရှုံးတဲ့အချိန်​တုန်းက ယူကရိန်းမှာလက်​နက်​အ​ရောင်းအဝယ်​သမား​တွေအများကြီး​သောင်​တင်​​နေခဲ့တယ်​။ အဲ့ဒီထဲကတစ်​​ယောက်​က​တော့ တရုတ်​လူမျိုး ဖြစ်​တဲ့ ချန်​ကျန်းအန်းပဲ။ အရုပ်​​သေနတ်​နဲ့​ခြေသုတ်​ခုံမှာ​ဆော့​နေတတ်​တဲ့ အိုင်​ဗန်​ငယ်​​လေး တစ်​ခါတစ်​ရံ သူ့အ​ဖေနဲ့အတူအလုပ်​ကိစ္စ​ဆွေး​နွေး​နေတဲ့ အနက်​​ရောင်​ဆံပင်​နှင့်​လူရှိရာကိုခိုး​ချောင်းခဲ့ဖူးသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now