အခန်း ၁၅၅ - တက္ကသိုလ်အပျော်တက်ခြင်း

2.1K 253 21
                                    

အခန်း ၁၅၅ - တက္ကသိုလ်အပျော်တက်ခြင်း

''ဘာလို့မင်းတစ်ယောက်တည်းဖြစ်နေတာလဲ။''

ချန်အန်းနဲ့ချန်ယန်းတို့ ကျောင်းကိုချိန်းထားတဲ့၈နာရီအတိမှာရောက်လာကြပြီး အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်ကိုသာမြင်လိုက်ကြရသည်။

'' ဟိုငပျင်းနှစ်ကောင်ကမထသေးတာလား''

''သူတို့ပြောတာနေမကောင်းလို့မလာနိုင်ဘူးတဲ့။''  အရပ်ရှည်ရှည်ကောင်လေးစကားပြောပုံကသာမန်နဲ့မတူ။ တစ်ခုခုကိုစိုးထင့်နေသလိုပင်။
လူကဲခတ်ကျွမ်းတဲ့ချန်အန်းကတော့သူညာနေမှန်းတန်းသိလိုက်သလို ချန်ယန်းလည်းပဲရိပ်မိနေသည်။

''ကျောက်ကျစ်လျန်ကမင်းကိုခြိမ်းခြောက်ထားတာလား'' ချန်အန်းအမေးမှာအရပ်ရှည်ရှည်ကောင်လေးကအံ့ဩမျက်ဆန်ပြူးသွားသည်။ ''ဆရာဘယ်လိုသိတာလဲ''

မဲ့ပြုံးတစ်ခုချန်အန်းမျက်နှာမှာပေါ်လာသည်။ ကျောက်ကျစ်လျန်လိုကျက်သရေတုံးကိုမှန်းကြည့်ဖို့ကခက်မနေပါဘူး။ သူ့ဘက်မှာအရေးသာတဲ့ဘတ်စကတ်ဘောအသင်းရှိနေတာတောင်ကျောက်ကျစ်လျန်ကအေးဆေးနေချင်ပုံမရဘူး။

''ဒါဖြင့်ရင်မင်းကရောဘာလို့လာတာလဲ။ ကျောက်ကျစ်လျန်တစ်ခုခုလုပ်မှာမကြောက်ဘူးလား''

ချန်အန်းက အရပ်ရှည်ရှည်ကောင်လေးရဲ့စိတ်ကိုသိချင်လို့စကားအစ်မေးလိုက်သည်။ သူကအသင်းမှာအဓိကလူဖြစ်တာကြောင့်ကျောက်ကျစ်လျန်ကဟိုနှစ်ယောက်ကိုပဲခြိမ်းခြောက်မှာတော့မဟုတ်ဘူး။

'' သူက rich kid ဆိုတော့ရောဘာဖြစ်လဲ။ကြောက်နေရမှာလား။ ကျောက်ကျစ်လျန်လိုသည်းခြေမရှိတဲ့လူချမ်းသာမျိူးအထင်ကိုမကြီးဘူး။ကွင်းထဲမှာ သူ့ကိုဖင်တီးခွင့်ရမဲ့အချိန်ကပိုတောင်ပျော်စရာကောင်းသေးတယ်'' အရပ်ရှည်ရှည်ကောင်လေးက သူရဲ့မူလမာနစိတ်ကလေးပြန်ဝင်လာပြီး ပွင့်ပွင့်လင်းလင်းဖြေလိုက်သည်။

ချန်အန်းသိပ်တော့မအံဩမိ။အဲ့အစားသဘောတောင်ကျမိသေးသည်။ လူငယ်ဆိုတာဒါပဲလေ။ အသက်ကြီးလာတာနဲ့အမျှကိုယ်သွားမဲ့လမ်းကိုယ်ရှာနိုင်ရင်ဘာမှပြသာနာမရှိဘူး။ဒီကောင်လေးရဲ့နှလုံးသားကနေရာအမှန်မှာဖြောင့်မတ်မတ်ရှိနေတာပဲ။ ချန်အန်းအနေနဲ့နောက်တပည့်ထပ်မွေးဖို့တောင်စဥ်းစားမိသွားတယ်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now