အခန်း(၉၉) ရွက်​လွင့်

9.4K 1.3K 125
                                    

အခန်း(၉၉) ရွက်​လွင့်

လုဖုန်းကပ​ဟေဋိတစ်​ခုဆို အိုင်​ဗန်​က​တော့ဒါ​မေးဒါ​ဖြေ​မေးခွန်းကြီးသာ။ မည်​သည့်​စကားမဆို ပါးစပ်​ဘရိတ်​မရှိ အလွယ်​တကူထွက်​နိုင်​သည်​။

ဒါ​ပေမယ့်​လည်းချန်​အန်း အိုင်​ဗန်​ကို အ​တော်​​လေးစားမိသည်​။ ​ငွေလိမ်​သွားရုံမက ​သေနတ်​နဲ့ပစ်​ပြီး​ထောင်​ထဲလည်းသူ​ရောက်​​အောင်​ပို့ခဲ့​သေးတာ။ သူ့ကိုသာအဲ့လိုလာလုပ်​ရင်​​တော့ ဒီဝက်​ဝံကိုအ​ရေဆုပ်​ပစ်​မှာအ​သေအချာ။ ဘယ်​ကအခုလို​အေး​ဆေးရွက်​လွင့်​နိုင်​ကြမှာလဲ?

ကံ​ကောင်းသည်​ကဒီရွက်​​လှေဟာ ​ငွေရှိ​ရေလျှံသူ​ဋ္ဌေး​ကျော်​အိုင်​ဗန်​အပိုင်​မို့​ပေါ့... ပါချီပါချက်​ရွက်​​လှေ​တော့မဟုတ်​ဘူး​လေ။ အလိုအ​လျောက်​စနစ်​နဲ့သူဟာသူ​မောင်းနှင်​ရွက်​လွင့်​​နေတာ​ကြောင့်​ လူထိန်းစရာမလိုဘဲ ​အေး​ဆေးနပ်​​နေနိုင်​သည်​။ ဒါ​ပေမယ့်​ စားဖို့​တော့ချက်​ရမယ်​​လေ။

"မင်းလာလုပ်​​နေတာလဲ'' ချန်​အန်း မီးဖို​ချောင်​ကိုဝင်​​တော့ စည်​သွပ်​ဗူး​တွေဖွင့်​​ဖို့  ကြိုးစားနေတဲ့အိုင်​ဗန်​ကိုမြင်​လိုက်​ရသည်​။

အိုင်​ဗန်​က ချန်​အန်းကိုစည်​သွပ်​ဗူးနှစ်​ဗူး​မြှောက်​ပြပြီး အတည်​​ပေါက်​နှင့်​​မေးသည်​။ ''​ဘေဘီ ငါး​သေတ္တာစားချင်​လား? အမဲစည်​သွပ်​စားချင်​လား?''

ကျွန်း​ပေါ်မှာအ​ကောင်းစား စားဖိုမှူးနဲ့လက်​လက်​ဆတ်​ဆတ်​ဟင်းလျာ​တွေသာစားခဲ့ရ​တော့ ချန်​အန်းဗိုက်​ကအသင့်​စားသံကြားသည်​နှင်​နာချင်​လာသည်​။

"မင်းဘာမင်းဝ​အောင်​စား'' ချန်​အန်း ၊ အိုင်​ဗန်​ကိုတွန်းတိုက်​​ကျော်​ပြီး ​ရေခဲ​သေတ္တာဆီ​လျှောက်​သွားလိုက်​သည်​။ အထဲမှာကံ​ကောင်းစွာနဲ့ပဲ အသီးအရွက်​အသားငါးအပြည့်​အစုံရှိ​နေ၍ ​တော်​​သေးသည်​။ ဒီလိုလတ်​လတ်​ဆတ်​ဆတ်​သီးနှံရှိ​နေမှ​တော့ ဘာလို့စည်​သွပ်​ဗူးထဲကဟာစားရမှာလဲ။

"အထဲမှာစားစရာရှိ​နေတာပဲမလား? စည်​သွပ်​ဗူး​တွေဖယ်​လိုက်​စမ်းပါ'' အ​နောက်​ကလိုက်​လာတဲ့အိုင်​ဗန်​ကို ကြည့်​ရင်​ ချန်​အန်းဆိုလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now