အခန်း (၂၃) ​ရေချိုးခန်းထဲမှာပုန်း​နေတဲ့လူ

12.1K 1.6K 29
                                    

အခန်း (၂၃) ​ရေချိုးခန်းထဲမှာပုန်း​နေတဲ့လူ

မူး​ဝေ​နေတဲ့ခံစားချက်​နဲ့အတူချန်​အန်းမျက်​လုံးပွင့်​လာခဲ့သည်​။ အရမ်း​မှောင်​​နေ​ပေမယ့်​ ဒီ​နေရာကသူ့ အခန်းမဟုတ်​ဘူးဆိုတာ​တော့သူ​ပြောနိုင်​​သေးသည်​။ VIP မဟုတ်​ရင်​သ​ဘောင်္ထဲမှာဒီ​လောက်​ကျယ်​တဲ့အခန်းရှိမလား။
ချန်​အန်း​ခေါင်းထဲတွင်​တရိပ်​ရိပ်​နှင့်​မူး​နှောက်​​နေ​သေးသည်​။
သက်​ပြင်းရှည်​တစ်​ခုချပြီးအိပ်​ရာကထလိုက်​သည်​။အိုင်​ဗန်​နဲ့အတူ​သောက်​ခဲ့တဲ့အချိန်​ကိုပြန်​​တွေးကြည့်​​တော့ ရှက်​စရာ​ကောင်းတာကတကယ်​ပဲ သူတစ်​ခွက်​ထဲနဲ့​မှောက်​သွားခဲ့တာပဲ။

ဆေးခတ်​ခံရတာများလား? ဒါ​ပေမယ့်​အိုင်​ဗန်​ကသူ့ကို​ဆေးခတ်​စရာအ​ကြောင်းလည်းမရှိပါဘူး။

ခန္ဓာကိုယ်​က​စေးကပ်​ကပ်​ဖြစ်​​နေတယ်​လို့ခံစားလာရတာနဲ့ ချန်​အန်းရှပ်​အင်္ကျီကြယ်​နှစ်​လုံး​လောက်​ကိုဖြုတ်​လိုက်​သည်​။ သူအခန်းမီးဖွင့်​မလိုပဲရှိ​သေးအရိပ်​တစ်​ခုကအခန်းထဲကိုဝင်​​ရောက်​လာသည်​ကိုမြင်​လိုက်​သည်​။ သူ့ရဲ့အရက်​ဒဏ်​ခံနိုင်​မှုကဆိုးရွားသွား​ပေမယ့်​လည်း သတ္တိကြီးတဲ့အကျင့်​က​တော့​ပျောက်​မသွား​သေးဘူး။ ချန်​အန်းတစ်​ဖက်​လူကိုကန်​ဖို့ကြိုးစားလိုက်​​ပေမယ့်​ ထိုလူကသူ့ထက်​ပိုလျင်​​နေသည်​။ သူ့ကန်​ချက်​ကိုကာပြီး​နောက်​ကိုဖိချလိုက်​သည်​။ ​လေးလံသည့်​ခန္ဓာကိုယ်​ကချန်​အန်းကိုယ်​​ပေါ်ကိုဖိထားပြီး အိပ်​ရာနှင့်​ကပ်​​နေ​စေသည်​။ ထို့​နောက်​ ထိုလူကသူ့လည်​ဂုတ်​ကိုရိုက်​ရန်​ပြင်​လိုက်​သည်​။
လေဝင်​ပြတင်းမှလ​ရောင်​ကအခန်းတွင်းသို့ဝင်​​ရောက်​​နေသည့်​အတွက်​ ချန်​အန်း ထိုလူ၏မျက်​နှာကိုမြင်​လိုက်​ရသည်​။

"တင်းရှန်း?''

ချန်​အန်း၏ဦး​နှောက်​တို့ကစတင်​​တွေး​တောလှုပ်​ရှားလာ​တော့သည်​။ ဆို​တော့ ဒါအိုင်​ဗန်​ကိုလာလုပ်​ကြံတဲ့လုပ်​ကြံသူမဟုတ်​ပဲ ရဲတစ်​​ယောက်​​ပေါ့။

တင်းရှန်​လည်း ချန်​အန်းနိုင်​ငံခြားကိုအပန်း​ဖြေခရီးသွားတယ်​လို့သိထား​ပေမယ့်​ အခုလိုဗီယမ်​နမ်​မှာ အခုလိုအ​ခြေအ​နေမျိုးနဲ့​တွေ့ရမယ်​လို့မထင်​ခဲ့ဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now