Beginning of book II : အခန်း (၈၈) ကျွန်း

8.8K 1.2K 107
                                    

Beginning of book II

အခန်း (၈၈) ကျွန်း

"​ခေါင်း​ဆောင်​ ဒီမျက်​မှန်​ထဲမှာလျှို့ ဝှက်​ကင်​မရာရှိ​နေတယ်​။ ကြည့်​ရတာ ဒီမျက်​မှန်​​ကြောင့်​ မစ္စတာချန်​ကို အိုင်​ဗန်​​တွေ့သွားပုံပဲ'' အင်​တာပိုရဲတစ်​ဦးဖြစ်​သည့်​ Monkey က လက်​အိတ်​နှင့်​မျက်​မှန်​ကိုင်​လျှက်​ ပလပ်​စတစ်​အိတ်​အကြည်​ထဲကထုတ်​လိုက်​သည်​။

တင်းရှန်းဘာမှမ​ပြောဘဲ ထိုမျက်​မှန်​ကိုသာစူးစူးစိုက်​စိုက်​ကြည့်​​နေသည်​။ Monkey က သူတို့​ခေါင်း​ဆောင်​ကို ပထမဦးအကြိမ်​​တွေ​ဝေ​နောင်​တမျက်​နှာအမူအရာဖြစ်​​နေတာကို မြင်​လိုက်​ရ​တော့ စိတ်​ထဲသက်​ပြင်းချမိ​တော့သည်​။ ''​ခေါင်း​ဆောင်​?''

လွန်​ခဲ့တဲ့ရက်​အနည်းက သူ့ကိုသတင်းပို့လာတာ အခန်း​ထဲမှာအိပ်​​ပျော်​​နေခဲ့တဲ့ချန်​အန်းက အ​ငွေ့ပြန်​သလို​ပျောက်​သွားတယ်​ဆိုပြီး။
တင်းရှန်းလည်းတပ်​ဖြန့်​ပြီးရှာခိုင်း​ပေမယ့်​ ​ခြေတစ်​လှမ်း​နောက်​ကျပြီး ဘယ်​မှာမှရှာမရဖြစ်​သွားတယ်​။ အခုလို သဲလွန်​စအစအန​လေး​တောင်​မကျန်​ပဲ ချန်​အန်းကို​ခေါ်သွားနိုင်​တဲ့သူဆိုလို့ အ​ခြေအ​နေကိုသုံးသပ်​ကြည့်​ရင်​ အိုင်​ဗန်​တစ်​​ယောက်​ပဲရှိတယ်​။ ဘာလို့ဆို မ​နေ့ကပဲ USမှာ ​ဆေးကုသ​နေတဲ့အိုင်​ဗန်​​ပျောက်​သွားတယ်​ဆိုတဲ့သတင်းရခဲ့တယ်​​လေ။

"ငါသာအန်း​ဘေးမှာ ​နေခဲ့ရင်​ သူအခုလို​ပျောက်​သွားမှာမဟုတ်​ဘူး'' လက်​သီးကိုတင်းတင်းဆုပ်​ပြီး သူအံကြိတ်​ထားမိသည်​။ သူသာ ချန်​အန်းကိုUS​ခေါ်သွားရင်​ အခုလိုဖြစ်​မှာမဟုတ်​ဘူး။

ဒါ​ပေမယ့်​ အခုမှ​နောင်​တရ​နေ​တော့​ကော ဘာထူးမှာလဲ။

"သိပ်​ပြီးလည်းစိတ်​မပူပါနဲ့ ​ခေါင်း​ဆောင်​။ တကယ်​လို့အိုင်​ဗန်​သာလက်​တုန့်​ပြန်​ချင်​တယ်​ဆိုရင်​ မစ္စတာချန်​ ကို တိုက်​ရိုက်​သတ်​ပစ်​လို့ရတာပဲ အခုလိုဂရုတစိုက်​ဘယ်​​ခေါ်သွားပါ့မလဲ။ မစ္စတာချန်​ အန္တရာယ်​ မရှိ​လောက်​ပါဘူး''

Rebirth of Chen An【Zaw + uni】Where stories live. Discover now