အခန်း (၁၀၂) အရူးတစ်​​ယောက်​နှင့်

9.7K 1.1K 57
                                    

အခန်း (၁၀၂) အရူးတစ်​​ယောက်​နှင့်

ပင်​လယ်​ပြင်​ကြီးကက​လေးငယ်​စိတ်​ထားနှင့်​တူလှသည်​။ စိတ်​တိုသည့်​အခါတွင်​ မိုးထိ​အောင်​လှိုင်းထန်​​စေပြီးတစ်​ခဏတွင်းချင်း ကမ္ဘာပျက်​​တော့မည့်​အလားအသည်းအသန်​ငို​ကြွေးသည်​။

ပျော်​​နေချိန်​မှာ​တော့ ရာသီဥတုကားကြည်​လင်​သာယာလျှက်​ရှိပြီး ​ရေပြင်​ကျယ်​​ပေါ်မှာမှန်​ကြည့်​​နေကြ​သောတိမ်​လွှာများ ၊ ​ဝေဟင်​များ​ပျော်​မြူး​နေကြ​သောစက်​​ရော်​ငှက်​များနှင့်​ ယှက်​တိုက်​​ပြေးကူးခတ်​​နေသည့်​​ရောင်​စုံများက ပင်​လယ်​ပြင်​တွင်​တစ်​လှည့်​ ​ရေ​ပေါ်တွင်​တစ်​လှည့်​ မြူးတူးလျှက် ​​စိတ်​ကူးယဉ်​ကမ္ဘာ​လေးအလား။ မ​နေ့ကမုန်​တိုင်းမှာ ပိတ်​ကားသိမ်း​သောရုပ်​ရှင်​ပြကွက်​တစ်​ခုနှယ်​ အိမ်​မက်​ဆန်​​နေသည်​။

မျက်​​တောင်​များကဖြည်းညှင်းစွာလှုပ်​ရှားလာပြီး ချန်​အန်းဖြည်းညှင်းစွာမျက်​လုံးဖွင့်​လိုက်​သည်​။ အလင်းတန်းဖြူနှင့်​ ​စေးကပ်​ကပ်​မျက်​ရည်​စများ​ကြောင့်​ ချန်​အန်းမျက်​လုံးပြန်​မှိတ်​လိုက်​ရသည်​။ သူ့ခန္ဓာကိုယ်​ကလှုပ်​ရှားရန်​အလွန်​ပင်​ပန်း​နေပြီး တစ်​စုံတစ်​​ယောက်​​ယောက်​၏လက်​​မောင်းကြားတွင်​တင်းကြပ်​စွာရှိ​နေ​ကြောင်းခံစားလိုက်​ရသည်​။

ခေါင်းကိုအသာလှည့်​ပြီးလက်​​မောင်းများပိုင်​ရှင်​ကိုကြည့်​လိုက်​သည့်​တစ်​ခဏ မြင်​ကွင်းထဲဝင်​​ရောက်​လာသည့်​ ​ရွှေ​ရောင်​ဆံပင်​များက နတ်​တစ်​ပါးကိုမြင်​လိုက်​ရသည့်​အလား။ ထိုနတ်​​ဒေဝါကို​သေချာစူးစိုက်​ကြည့်​မှ ငရဲမှတက်​လာသည့်​ဝက်​ဝံမိစ္ဆာ​ကောင်​ကြီးမှန်း ရှင်းရှင်းလင်းလင်းသိလိုက်​ရသည်​။

သူ့ကို​ရေဘဝဲတစ်​​ကောင်​လိုတွယ်​ကပ်​​နေသည့်​လူကို ချန်​အန်းတွန်းထုတ်​ပစ်​လိုက်​သည်​။ အိုင်​ဗန်​က က​ယောင်​ကမ်းတစ်​ခုခု​ရေရွတ်​​သော်​လည်း အိမ်​မက်​မှနိုးမလာ။

ချန်​အန်း ၊ အိုင်​ဗန်​ကိုတစ်​ခုခုနဲ့ရိုက်​ပစ်​ဖို့ကြံ​နေတုန်း ​လှေ​ခေါင်းဖက်​မှာ စူးရှရှအသံကိုကြားလိုက်​ရသည်​။ ထိုအခါမှရိုက်​ရန်​အကူပစ္စည်းရှာမ​နေဘဲ ချန်​အန်းလက်​သီးဆုပ်​နှင့်​ အိုင်​ဗန်​မျက်​နှာကိုထိုးပစ်​လိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now