အခန်း(၃၇) ချန်​ယန်းရင်​ထဲက နာကျည်းခြင်းမျိုး​စေ့

12.1K 1.6K 79
                                    

အခန်း(၃၇) ချန်​ယန်းရင်​ထဲက နာကျည်းခြင်းမျိုး​စေ့

"ဦး​လေး၊ ဦး​လေး ထပါအုန်း''

ချန်​ယန်းအရက်​မူး​နေသည့်​ဦး​လေးကိုအိမ်​အပြန်​လမ်းတစ်​​လျှောက်​လုံးကုန်းပိုးခဲ့သည်​။ရောက်​​ရောက်​ခြင်းမီးပင်​မဖွင့်​နိုင်​ပဲတန်းအိပ်​ခန်းထဲသို့သယ်​သွားလိုက်​ရသည်​။ ပြတင်း​ပေါက်​အပြင်​ဖက်​မှလရောင်​​ဖျော့​ဖျော့က ကုတင်​​ပေါ်မှာလဲ​လျောင်း​နေသည့်​ချန်​အန်းမျက်​နှာ​ပေါ်သို့ဖြာကျ​နေသည်​။ ခပ်​​ဖွေး​ဖွေးအလင်း​ရောင်​​အောက်​တွင်​ အရက်​ရှိန်​​ကြောင့်​နီမြန်းပူ​နွေး​နေသည့်​ချန်​အန်း၏ပါးပြင်​များနဲ့နဖူးတို့ကိုမြင်​​နေရသည်​။
ချန်​အန်းအသိစိတ်​ပင်​မကပ်​နိုင်​​လောက်​​အောင်​မူး​နေပြီး သူ့ရဲ့ဗိုက်​ကိုဖိရင်းနာနာကျင်​ကျင်​ငြီးငြူ​နေ​တော့သည်​။ ဒါဟာ​ဆေးရုံဆင်းပြီး​နောက်​ပိုင်း ပထမဦးဆုံးအ​နေနဲ့ချန်​အန်းကိုကူရာကယ်​ရာမဲ့အ​နေအထားနဲ့ချန်​ယန်းမြင်​ဖူးတာပဲ။ဖြစ်​ပျက်​ခဲ့သမျှအရာအားလုံးကိုပြန်​​တွေးမိ​တော့ ​ဒေါသထွက်​လွန်းလို့အဆုတ်​များပင်​​ပေါက်​ထွက်​မတတ်​ခံစားရသည်​။

တော်​​သေးတာကအိမ်​မှာပျားရည်​အချို့ ရှိ​နေ​သေးတာပဲ။ ဒါ​ကြောင့်​ချန်​ယန်းမြန်​မြန်​​လေး​ရေ​နွေးနဲ့ပျားရည်​ကို​ဖျော်​လိုက်​သည်​။ သူကုတင်​​ပေါ်မှာထိုင်​ပြီး ချန်​အန်းကိုမ,ထူလိုက်​သည်​။ ထို့​နောက်​သူ့ရင်​မှာမှီခိုင်းရင်း ပျားရည်​ကိုဇွန်းနဲ့တစ်​ဇွန်းချင်းစီခပ်​တိုက်​လိုက်​သည်​။
အခြားလူ​တွေအရက်​မူးရင်​ အန်​ရင်​အန်​ မအန်​ရင်​လုံးဝ​ဗြောင်းဆန်​​နေ​အောင်​​သောင်းကျန်းတတ်​ကြတယ်​။ဒါ​ပေမယ့်​ချန်​အန်းက​တော့သူတို့နဲ့မတူပဲ မူး​နေတဲ့အခါ ချစ်​ဖို့​ကောင်းပြီးနာခံတတ်​တယ်​။ ​ကြောင်​​ပေါက်​စ​လေးလိုပဲသူတိုက်​သမျှပျားရည်​​တွေကို သူ့ရင်​ခွင်​ထဲမှာညိမ်​ညိမ်​​လေး​သောက်​​နေ​တော့တယ်​။
ပျားရည်​အကုန်​ကုန်​သွား​တော့ ချန်​အန်းသက်​သာသွားပုံပင်​။ နာကျင်​လို့ငြီးငြူ​နေသည့်​အသံများထွက်​မလာ​တော့။ သူ့မျက်​နှာသည်​သာနီမြန်းပြီးပူ​နွေးလျှက်​ရှိ​နေ​သေးသည်​။ ချန်​ယန်း​ရေချိုးခန်းထဲဝင်​သွားပြီးဇလုံတစ်​လုံးနဲ့အဝတ်​တစ်​ခုယူလာခဲ့သည်​။ ချန်​အန်း၏အဝတ်​များကဝိုင်​များဖြင့်​ရွဲ​နေသည်​ကိုအမှတ်​ရ​တော့ သူလဲ​ပေးဖို့စဉ်းစားမိသည်​။ဒါ​ပေမယ့်​သူ့အ​တွေးတို့ကစား​သောက်​ဆိုင်​မှာတုန်းကအဖြစ်​အပျက်​ဆီပြန်​​ရောက်​သွားပြန်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now