အခန်း (၁၈) ​လောင်​စစ်​ ဆိုတဲ့codeအမည်

12.8K 1.7K 28
                                    

အခန်း (၁၈) ​လောင်​စစ်​ဆိုတဲ့codeအမည်

ချန်​အန်းလေယာဉ်​​ပေါ်ကဆင်း​တော့ ရှန်​ဟိုင်းနဲ့မတူတဲ့​ကောင်းကင်​ပြာကြီးကို​တွေ့လိုက်​တယ်​။ ယွမ်​နမ်​ရဲ့လတ်​ဆက်​တဲ့​လေကိုရှူရှိုက်​ရင်းချန်​အန်းမျက်​လုံး​တွေမှိတ်​ထားမိ၏။ပြီး​တော့ luggage ကိုဆွဲပြီး အိုင်​ဗန်​ကိုတစ်​ချက်​မကြည့်​ပဲထွက်​သွားလိုက်​သည်​။

"သူထွက်​သွားတဲ့ပုံစံက​ ​ချန်​ကျန်းအန်း ဆိုတဲ့​မြေ​ခွေးအိုကြီးနဲ့အရမ်းတူတာပဲ'' အိုင်​ဗန်​မျက်​လုံးများကို​မှေးစဉ်းရင်း ချန်​အန်း၏​ကျောပြင်​ကိုကြည့်​လျှက်​​ရေရွတ်​လိုက်​သည်​။

"ဆရာ ကျွန်​​တော်​တို့သူ​နောက်​လိုက်​သွားရမလား?'' အိုင်​ဗန်​၏ နံ​ဘေးမှငယ်​သားတစ်​ဦးကရိုရိုကျိုးကျိုး​မေးလိုက်​သည်​။

"မလိုဘူး ဒါ...'' အိုင်​ဗန်​၏​နောက်​ဆက်​တွဲစကားလုံးများက​ပျောက်​ရှသွားပြီး တ​ရွေ့​ရွေ့​ဝေးကွာသွားသည့်​ လူ၏​ကျောပြင်​ကိုကြည့်​ပြီး​နောက်​ ဆုံးဖြတ်​ချက်​​ပြောင်းလိုက်​သည်​။

"သူ့အ​ကြောင်းကိုစုံစမ်းခဲ့''

"ဟုတ်​ကဲ့ဆရာ''

_________

ကူမင်​ ကို​ရောက်​​တော့လာကြိုတဲ့ခရီးသွားကုမ္ပဏီရဲ့Busနဲ့လိုက်​ပြီး ဟိုတယ်​မှာအနားယူလိုက်တယ်​။ သူဒီမလာခင်​ ခရီးသွားကုမ္ပဏီနဲ့ ယွမ်​နမ်​ က​နေဗီယမ်​နမ်​ကိုသွားဖို့ချိတ်​ထားတာ။ ဘာလို့ဆိုထုံးစံအတိုင်းချန်​ယန်းက ချန်​အန်းတစ်​​ယောက်​ထဲခရီးသွားမှာကိုလုံးဝစိတ်​မချဘူး​လေ။ အုပ်​စုလိုက်​ခရီးထွက်​မယ့်​အဖွဲ့ထဲ စာရင်းသွင်းထားတာကိုပြမှာစိတ်​ချ​တော့တာကိုး။
ခရီးသွားဖို့ပိုက်​ဆံကို​လောက်​ရဲ့လားလို့ ခဏခဏ​မေး​နေတဲ့ချန်​ယန်း​ကြောင့်​သူတစ်​ချိန်​ထဲမှာ​ပျော်​မိသလိုအားလည်းကျတယ်​။ ချန်​ယန်းကသူ့ရဲ့ဦး​လေးကိုအရမ်းဂရုစိုက်​တဲ့က​လေးပဲ။

ရေပန်းက​နေအဆက်​မပြတ်​စီးကျ​နေတဲ့​ရေ​တွေက စည်းချက်​ညီညီနဲ့​အော်​မြည်​​နေပြီး ချန်​အန်းရဲ့ကိုယ်​ကိုစိုရွဲသွား​စေသည်​။ ချန်​အန်း​ခေါင်းကိုငုံ့ ပြီးသူ့ရဲ့တဖြည်းဖြည်းချပ်​ရပ်​လာသည့်​ဗိုက်​သားကိုကြည့်​လိုက်​သည်​။ အရင်​လို​အော်​ဂလီဆန်​စရာအသားတွဲကြီးရှိမ​နေ​တော့ဘူး။ သူ့အတိတ်​ဘဝတုန်းက လူကုန်​တန်​မိန်းမတစ်​ချို့ ရဲ့ ​နေ့လည်​ခင်းလက်​ဖက်​ရည်​ပါတီ တက်​ဖူးတယ်​။ အပူပင်​မရှိ​သောထိုမိန်းမများအတွက်​ အဝတ်​အစား၊ဖိနပ်​၊အိတ်​ အပြင်​ အ​ပြောများဆုံးအ​ကြောင်းအရာက Diet လုပ်​ခြင်းပင်​ဖြစ်​သည်​။ ဒါ​ပေမယ့်​လည်း ဝိတ်​ချတာကိုမိန်းမ​တွေရဲ့ရည်​မှန်းချက်​ပါလို့​ပဲပြောလို့မရဘူး။ ဒါဘဝတစ်​​လျှောက်​လုံးထိန်းသိမ်းသွားရမယ့်​ နိစ္စဒူဝလုပ်​ငန်းစဉ်​​တွေထဲကတစ်​ခုပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now