အခန်း (၁၂၂) ပုခတ်သူခိုး

6.4K 816 95
                                    

အခန်း (၁၂၂) ပုခတ်သူခိုး

'အို' လုဖုန်းမျက်လုံးအရောင်လက်သွားပြီး ရုတ်တရက် သဘောပေါက်သွားသည့်ဟန်နှင့် ရေလဲတဘတ်ကိုဝဲပစ်ကာ ကုတင်ပေါ်ယဇ်ပူဇော်ခံရမယ့်သိုးငယ်လေးလိုလိမ်လိမ်မာမာတက်လဲနေလိုက်သည်။
လုဖုန်းကိုကြည့်ရတာ ချန်အန်းကသူတပြန်ကို်ယ်တပြန်လက်စားချေမှုကိုလိုချင်တယ်လို့ထင်သွားပုံပဲ။ တကယ်လို့ချန်အန်းကိုစိတ်ကျေနပ်မှုပေးနိုင်ခြင်းကသူ့အပြစ်ကျေမယ်ဆိုရင် ချန်အန်းသူ့ကိုဘာလုပ်လုပ်လုဖုန်းမမှုပါဘူး။

လုဖုန်းရဲ့ပုံစံကိုကြည့်ပြီး ချန်အန်းအူးမြူးနေမိသည်။ တစ်ချိန်တည်းမှာပဲ ရင်လည်းနာသည်။ အခုချိန် သူသာ လုဖုန်းအသက်ကိုလိုချင်ပါတယ်ဆိုရင်ဒီချာတိတ်လေးက သူ့ကိုလည်စင်းပေးမှာမလွဲဘူး။

'' ငါနားထင်ကိုသေနတ်နဲ့ပစ်ပြီးတော့ ဆေးရုံမှာပြန်နိုးလာပြီး ကိုယ့်ကိုယ်ကိုယ် ချန်အန်းဆိုတဲ့လူဖြစ်နေတာတွေ့လိုက်ရတယ်။ ''

ချန်အန်းကလုဖုန်းနံဘေးဝင်ထိုင်လိုက်သည်။ အေးအေးဆေးဆေးစကားပြောနေသလို လက်ချောင်းတွေကလည်း လုဖုန်းပုခုံးကနေရင်ဘတ်ကို ခပ်ဖွဖွတို့ထိသွားသည်။ ဒီကောင်လေးရဲ့ခန္ဓာကိုယ်မှာ အမာရွတ်မှိန်မှိန်တွေဟာနေရာအနှံ့ရှိနေတယ်။ တစ်ချိူ့ကဓားရာ၊တစ်ချိူ့ကကျည်ရာ။ အရင်က ဘယ်လိုမဖြစ်နိုင်တဲ့အလုပ်မျိူးပေးပေး လုဖုန်းဟာ သူ့အတွက်ဘယ်တော့မှမတုန့်ဆိုင်းခဲ့ဘူး။ ငရဲထဲဆင်းရမလား ၊ ရေဆန်ကိုတက်ရမလား။ မဖြစ်ဖြစ်အောင်လုပ်ခဲ့တာချည်းပဲ။

'' ငါဘာကြောင့် သေရွာပြန်လာလဲလို့ငါတွေးနေတာ။ ဘာလို့များလဲ မင်းသိလား လုဖုန်း''

လုဖုန်းမျက်လုံးများကဖျော့သွားပြီး အသံဖျော့ဖျော့ဖြင့်ပြန်ဖြေသည်။ '' ဦးဘာလုပ်စေချင်လဲ ကျွန်တော်အကုန်လုပ်မယ်။ ''

အာဏာလား။ဥစ္စာလား။ နေရာလား ။

ဒီအရာတွေက လုဖုန်းမျက်လုံးထဲမှာ ဘာတန်ဖိုးမှမရှိတော့ပါ။ သူချစ်တဲ့ယောက်ျားအသက်ရှင်နေတဲ့ဆိုတာနဲ့တင်အရာအားလုံးလုံလောက်ပြီ။ တကယ်လို့ချန်အန်းသာ သူ့ကိုအသားတစ်လွှာချင်းလွှာပြီးညှင်းသတ်မယ်ဆိုရင်တောင် သူပျော်ပျော်ကြီးသေလိုက်တော့မယ်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now