အခန်း(၇၂) မြူဆိုင်း​နေ​သောမြင်​ကွင်းများ

8.9K 1.2K 33
                                    

အခန်း(၇၂) မြူဆိုင်း​နေ​သောမြင်​ကွင်းများ

မျက်​မှန်​တစ်​လက်​​လောက်​အတွက်​က အိုင်​ဗန်​လက်​တစ်​​ချောင်း​ကွေးလိုက်​ရုံနဲ့တင်​ အဆင်​သင့်​အသစ်​တစ်​လက်​ယူလာ​ပေးမယ့်​လူရှိပြီးသား။ ဒါ​ပေမယ့်​ ဘာကြံစည်​​နေမှန်းမသိ အပြင်​မှာမျက်​မှန်​အသစ်​လုပ်​ဖို့မှာလိုက်​တာ နာရီဝက်​​လောက်​ကြာပြီ။

အဲ့တာ​ကြောင့်​ ချန်​အန်းတစ်​​ယောက်​မြူမှုန်​​တွေကြားမှာထိုင်​ရင်း စင်​​ပေါ်က​ဝေ​ဝေဝါးဝါးကပြသူ​တွေကိုကြည့်​​နေရသည်​။ စင်​​ပေါ်မှာ​ဖျော်​​ဖြေ​နေသူများက ဘာကို​ဖျော်​​ဖြေ​နေသလဲ ​ယောက်ျား​တွေလား မိန်းမ​တွေလားသူမသိ။

VIPခန်းထဲကကာစီနိုမှာ​တော့ လုဖုန်းလက်​မတင်​​လေးအနိုင်​ပိုင်းခံလိုက်​ရသည်​။ ဒီ​ကောင်​​လေးသူ့ကိုသတ်​ဖို့​ကြွေး​ကြော်​ထား​ပေမယ့်​ ဒီည​တော့သူ​အေးချမ်းပါတယ်​။ ဘာလို့ဆို လုဖုန်းဆိုတာ သူဒီညမသတ်​ဘူးလို့​ပြောထားရင်​ ဒီညလုံးဝသတ်​မယ့်​သူမဟုတ်​လို့ပဲ။

လုဖုန်းသူ့ကိုဘာ​ကြောင့်​သတ်​ချင်​ရလည်းသူမသိ​ပေမယ့်​ သူ့ကိုသတ်​နိုင်​တာသူသိတယ်​။ ဒါ​ပေမယ့်​ဘာ​ကြောင့်​သတ်​ချင်​ရတာလဲ။ သူ့လက်​နဲ့ဆယ်​နှစ်​​ကျော်​​မွေးခဲ့တဲ့ ဒီက​လေးကိုသူနားလည်​သလိုလိုနဲ့ အမှန်​တကယ်​မှာ​တော့ သူ့အထင်​များကခန့်​မှန်းချက်​ကများသည်​။

"မင်းကကြာကြာကြည့်​​လေ တူ​လေပဲ'' vodka ကို​သောက်​​နေတဲ့ အိုင်​ဗန်​က သက်​ပြင်းတစ်​ချက်​ချရင်း​ပြောသည်​။

"ဘာနဲ့တူတာလဲ'' ချန်​အန်းက ပျင်းရိ​နေဟန်​နှင့်​ အိုင်​ဗန်​ရှိရာလှည့်​၍​မေးလိုက်​သည်​။ တကယ်​က သူယူရီနဲ့ဘယ်​လိုဆက်​သွယ်​ပြီး ပစ္စည်း​တွေကိုဘယ်​လိုပို့ရမလဲစဉ်းစား​နေတာ။ သူ့မှာပို့စရာယာဉ်​ကမရှိ​တော့ဘူး ​လေယာဉ်​လိုမျိုး​ပေါ့။

ည​နေတုန်းက အိုင်​ဗန်​နဲ့လုဖုန်းဆီက​ငွေ​တွေအများကြီးနိုင်​ခဲ့တယ်​ဆို​ပေမယ့်​ ​လေယာဉ်​တစ်​စီးဝယ်​ဖို့က အဲ့​ငွေ​လောက်​နဲ့မျက်​​စောင်း​တောင်​ထိုးလို့မရ​သေးဘူး။ သူ့ အရင်​ပိုင်​ဆိုင်​မှု​တွေကထုတ်​ပြီး ​လေယာဉ်​ဝယ်​ဖို့လည်းသုံးလို့မဖြစ်​ဘူး။ ​ငွေပမာဏအများကြီးက လုဖုန်းရဲ့အာရုံကိုဆွမိသွားနိုင်​တယ်​။ဒါ​ကြောင့်​ အိုင်​ဗန်​ကိုအကာအကွယ်​ယူပြီး လှုပ်​ရှားရမည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now