အခန်း(၆၅) အ​ရေးနိမ့်​ဝက်​ဝံ

8.4K 1.1K 38
                                    

အခန်း(၆၅) အ​ရေးနိမ့်​ဝက်​ဝံ

သူ့ကိုကစားချင်​​နေတဲ့​မြေ​ခွေးငယ်​ကိုခဏ​လောက်​မမြင်​ရတာ အိုင်​ဗန်​ရင်​ထဲမှာမ​နေသာ။ အလုပ်​ကိစ္စစကား​ပြောပြီးတာနဲ့ ချက်​ချင်းအခန်းသို့ပြန်​လာခဲ့သည်​။ သို့​သော်​လည်း သူရှာ​နေသူကအခန်းထဲမှာမရှိ။

အိုင်​ဗန်​က​တော့ ချန်​အန်း သူ့အခန်းမှာ​ရောက်​​နေမယ်​လို့မထင်​။ ဒါ​ကြောင့်​ ​ခေါက်​တုန့်​​ခေါက်​ပြန်​ချန်​အန်းအခန်းထဲမှာရှာကြည့်​သည်​။ ချန်​အန်းspaလုပ်​ပြီးသွားပြီဟု သူကြားလိုက်​​သော​ကြောင့်​ ထွက်​မသွားမှန်းသိလိုက်​သည်​။

သူ့အခန်းမှာများလား?

အိုင်​ဗန်​ ကိုယ့်​အခန်းတံခါးကိုယ်​ပြန်​ဖွင့်​ကြည့်​​တော့လည်းအခန်းထဲမှာ လူရိပ်​မ​တွေ့။ ဒါ​ပေမယ့်​အထဲဝင်​လိုက်​​တော့ ​ရေချိုးခန်းဖက်​က​ရေသံကြားလိုက်​ရသည်​။

အိပ်​ခန်းနှင့်​ကပ်​လျှက်​​ရေချိုးခန်းကတံခါးအနည်းငယ်​ပွင့်​​နေတာ​ကြောင့်​ သူလှမ်းကြည့်​ရုံနှင့်​ ​ရေ​ငွေ့များလွှမ်း​နေသည့်​ကန်​အတွင်းထိုင်​လျှက်​အချိုရည်​​သောက်​ခါ သဘာဝအလှကိုရှုစား​နေသူအားမြင်​လိုက်​ရသည်​။ သူတို့အခန်းနှစ်​ခန်းကအတူတူဆို​ပေမယ့်​ အိုင်​ဗန်​၏အခန်းတစ်​ခုထဲကသာ Spa poolနှင့်​ စိမ်းညှို့ ​တောင်​တန်းအလှကိုမြင်​နိုင်​သည်​။

"မင်း​ရေချိုးကန်​ကိုသုံးလို့ရတယ်​မဟုတ်​လား?'' ကန်​​ဘောင်​ကိုမှီလျှက်​ ချန်​အန်းက အိုင်​ဗန်​ကိုပြုံးပြလိုက်​သည်​။

အိုင်​ဗန်​ တံခါး​ဘောင်​ကိုမှီပြီးလက်​ပိုက်​ကာ သူ့​ရှေ့ကလူကိုကြည့်​လိုက်​သည်​။ ''ဒီ​ရေကန်​ကအရမ်း​ကောင်းတယ်​။ သဘာဝ​ရေပူစမ်းမှာလည်းစိမ်​လို့ရသလို ရှားပါးအလှတရားကိုလည်းခံစားလို့ရတယ်​'' အိုင်​ဗန်​မျက်​လုံးမှိတ်​ကာ အသက်​ပြင်းပြင်းရှူလိုက်​ပြီး ကန်​နံ​ဘေးလာထိုင်​လိုက်​သည်​။

"​ဟေး..ကိုယ်​နည်းနည်းပင်​ပန်းလို့ ခဏအပန်း​ဖြေမယ်​ကွာ''
အိုင်​ဗန်​က​တော့သူ့ကုတ်​အင်္ကျီကိုချွတ်​ပြီး အမှိုက်​လို​ကြမ်းပေါ်ပစ်​လိုက်​သည်​။ ပ​ရောဖက်​ရှင်​နယ်​ဂျင်​နည်းပြရဲ့လက်​​အောက်​မှာ ဂရုတစိုက်​သင်​ကြားထားမှု​ကြောင့်​ အိုင်​ဗန်​ဆီမှာ လှပသည့်​ကြွက်​သားများရှိသည်​။ ဂျူံပင်​​ရောင်​အသားအရည်​က ပျားရည်​ပါးပါးဆမ်းထားသည့်​နှယ်​ လူတစ်​ကိုယ်​လုံးကဂရိနတ်​ဘုရားတစ်​ပါးလိုအ​ရောင်​​တောက်​​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now