အခန်း(၇၅) ကိုယ့်​အကျိုးကိုယ်​ကိုးသူလျှို

8K 1.1K 31
                                    

အခန်း(၇၅) ကိုယ့်​အကျိုးကိုယ်​ကိုးသူလျှို

အိုင်​ဗန်​ကဒီ​နေ့မနက်​အပြင်​ထွက်​သွားတာ​ကြောင့်​ ရှားရှားပါးပါး ချန်​အန်းတစ်​​ယောက်​တည်း နံနက်​စာစားရသည်​။

ညအိပ်​ဝတ်​ရုံနှင့်​အမျိုးသားက တီဗီကိုဖွင့်​ပြီး​ကော်​ဖီ​သောက်​လျှက်​သတင်းကြည့်​​နေသည်​။ အိုင်​ဗန်​နှင့်​သူ ဟိုတယ်​တစ်​ခန်းတည်း​နေ​သော်​လည်း ထိုဝက်​ဝံကလူကြီးလူ​ကောင်းသဖွယ်​စည်း​ကျော်​ခြင်းမပြု​ပေ။

ဂိမ်းဆုံးရန်​တစ်​လသာလို​တော့သည်​ သို့​ပေမယ့်​အိုင်​ဗန်​ဆိုသည့်​ဝက်​ဝံကဤတစ်​လကို​စောင့်​ဆိုင်းနိုင်​မည်​ဟုသူမထင်​။ ဒါ​ပေမယ့်​လည်း ချန်​အန်းဆိုတဲ့ဒီအန်​ကယ်​ကိုလွယ်​လွယ်​နဲ့​တော့မရနိုင်​ဘူး​လေ။

"Sir room service '' တံခါး​ခေါက်​သံနှင့်​အတူ အပြင်​မှငယ်​ရွယ်​​သောအသံ​ပေါ်လာသည်​။ ရင်းနှီး​နေသည့်​အသံ​ကြောင့်​ သူ့လက်​ဖက်​ရည်​ခွက်​ကိုပြန်​ချထားလိုက်​သည်​။

"Come in'' ဆိုဖာကိုသက်​​တောင့်​သက်​သာမှီ၍ သူတီဗီမှသတင်းအစီအစဉ်​ကိုဆက်​ကြည့်​လိုက်​သည်​။ တံခါးဝမှ​ဘောဒီဂတ်​များကအတွင်းသို့ခဏကြည့်​ပြီး​နောက်​ တည်​မြဲအတိုင်းပြန်​​နေလိုက်​ကြသည်​။

"ဟုတ်​သားပဲ ဒီကိုခဏလာပြီး ကျူပ်​ကိုကူပါအုန်း'' ဖြည်းညင်းစွာ ပြန်​​စေ့သွားသည့်​တံခါး​နောက်​မှ ချန်​အန်းလက်​ပြပြီးဝါရံတို့သွားလိုက်​သည်​။

"ဟုတ်​ကဲ့ပါ'' ဝန်​ထမ်းအမျိုးသားကသူ့​နောက်​ကိုလိုက်​ပါသွားသည်​။

ဝါရံတာကို​ရောက်​​တော့ချန်​အန်းကစကားမ​ပြော ထိုဝန်​ထမ်းကစိုးရိမ်​စွာဖြင့်​ ''အန်​ကယ်​အန်း ဒီကိုဘယ်​လိုလုပ်​​ရောက်​​နေတာလဲ''

"ရှင်းပြဖို့ နည်းနည်း​တော့ရှုပ်​တယ်​'' ချန်​အန်းသက်​ပြင်းချပြီး ဟိုတယ်​ဝန်​ထမ်းဝတ်​စုံနဲ့ တင်းရှန်းကိုကြည့်​လိုက်​ပြီး ''တင်းရှန်း မင်းအခုဝန်​ထမ်းလိုဟန်​​ဆောင်​ထားတာ အိုင်​ဗန်​ကိုစုံစမ်းဖို့အတွက်​လား''

Rebirth of Chen An【Zaw + uni】Where stories live. Discover now