အခန်း(၄၄) ငါးဟက်​သလား?အစာချ​ကျွေးသလား?

10.5K 1.5K 61
                                    

အခန်း(၄၄) ငါးဟက်​သလား?အစာချ​ကျွေးသလား?

လုဖုန်းမ​သေချင်​ဘူး။အ​ကြောင်းပြချက်​ကသူ​ကြောက်​လို့မဟုတ်​ဘူး။ သူ​ကြောက်​တာကသူ​သေသွားရင်​ ချန်​ကျန်းအန်း လို့​ခေါ်တဲ့လူကို​မေ့သွားမှာကိုပဲ။
ကျောက်​စိမ်း​သေတ္တာငယ်​ကိုသူ့​ရှေ့စားပွဲ​ပေါ်မှာထားပြီး လုဖန်းအတန်​ကြာ​ငေးကြည့်​​နေမိတယ်​။ ​သေချာတာကသူကြည့်​​နေရင်းအတိတ်​ကိုပြန်​စဉ်းစား​နေတာ​ပေါ့။ လက်​နှစ်​ဖက်​စလုံးကို ​ကျောက်​စိမ်းဗူး​ပေါ်တင်​ပြီးသူစိတ်​ကူးကြည့်​တယ်​။ သူကျန်းအန်းမှာမရှိ​သေးတဲ့အချိန်​ အဲ့ဒီလူ​ကောဒီ​သေတ္တာ​လေးကိုဘယ်​လိုထိ​တွေ့ခဲ့မလဲ။သူဘယ်​လို ကျန်းလဲ့​ပေးခဲ့မလဲ။
ဒီ​သေတ္တာဗူးကကျန်းအန်းရဲ့တစ်​ကြိမ်​ထိ​တွေ့ခြင်းကိုခံရဖူးတယ်​။ အဲ့ဒီအ​ရောင်းအဝယ်​သမားရဲ့ထိ​တွေ့ခြင်းကိုတစ်​ကြိမ်​ခံရဖူးတယ်​။

"ကျန်းအန်း....'' သူခပ်​တိုးတိုးအဲ့ဒီနံမည်​ကိုထပ်​ခါထပ်​ခါ​ရေရွတ်​မိတယ်​။အရမ်းကိုနာကျင်​ရသလိုအရမ်းကိုလည်းလွမ်းတယ်​။ အလွမ်းဓာတ်​ကပြင်းထန်​​လေသူပိုခံစားရ​လေပဲ။ ရုန်းကန်​ခြင်း​ကြောင့်​နာကျင်​ရတဲ့ခံစားမှုအတွက်​ သူက လုဖုန်းကိုအသက်​ရှင်​ခြင်းရဲ့အဓိပ္ပါယ်​ကိုနားလည်​လို​စေခဲ့တယ်​။ အခုလုဖုန်းအသက်​ရှင်​​နေရတဲ့အဓိပ္ပါယ်​ကိုနားလည်​သွားပြီ။

ကျောက်​စိမ်း​သေတ္တာကိုဖြည်းဖြည်းချင်​ဖွင့်​လိုက်​တဲ့အခါအနီ​ရောင်​sealကပ်​ထားတဲ့စာအိတ်​တစ်​အိတ်​ကိုမြင်​လိုက်​ရတယ်​။ အ​စောက​တွေ​ဝေ​ငေးမှိုင်​​နေတဲ့မျက်​နှာဟာအခု​တော့တဖန်​ပြန်​လည်​​အေးစက်​လာ​တော့တယ်

"​ကျောက်​စိမ်း​သေတ္တာထဲစာထည့်​တာဘယ်​သူလဲ''

ဓားအသွားလိုဖိအားမျိုးနဲ့​လေသံ​ကြောင့်​မလှမ်းမကမ်းမှာရပ်​​နေတဲ့ အ​စောင့်​မှာလက်​ဖဝါး​ချွေးပင်​ပြန်​လာ​တော့သည်​။
"ဥက္ကဋ္ဌလု ၊ အဲ့တာ​လေလံပွဲအခမ်းနားမှူး​ကကျေးဇူးတင်​​ကြောင်း​ပေးတဲ့စာပါ''

"​ကျေးဇူးတင်​စာ?'' လုဖုန်း​ကျောက်​စိမ်း​သေတ္တာထဲကစာအိတ်​ကိုဖွင့်​ဖို့ယူလိုက်​​တော့ စာအိတ်​ကိုပိတ်​ထားတဲ့ ဖ​ယောင်းနီကိုမြင်​ပြီး ​သွေးတို့ပွက်​ပွက်​ဆူလာ​တော့သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now