အခန်း(၉၈) ပင်​လယ်​ကိုပျားရည်​ဆမ်းတဲ့ခရီးလမ်း

9.2K 1.3K 113
                                    

အခန်း(၉၈) ပင်​လယ်​ကိုပျားရည်​ဆမ်းတဲ့ခရီးလမ်း

မျက်​စိ​ရှေ့က​ရွက်​​​လှေအဖြူကိုကြည့်​ပြီး ချန်​အန်းမျက်​ခုံးပင့်​လိုက်​သည်​။

အိပ်​ရာထဲနှစ်​ရက်​​လောက်​လဲ​နေပြီး​နောက်​ဆုံး​တော့ သူထနိုင်​ခဲ့ပြီ။အိုင်​ဗန်​က​တော့ သူ့​ရှေ့မှာအမြဲလိုလို​ပေါ်​ပေါ်လာပြီး သူကြိုက်​ကြိုက်​မကြိုက်​ကြိုက်​ အတူတူစား၊အတူတူရုပ်​ရှင်​ကြည့်​၊Gym​ဆော့ တစ်​ခါတစ်​​လေ ကျွန်း​ပေါ်လမ်း​လျှောက်​ထွက်​ဖို့ ​ဘေးကလိုက်​သည်​။

သူကျွန်းပိစိ​လေးထဲက​နေ သူအ​တောင်​​ပေါက်​ပြီးပျံသွားမရနိုင်​မှန်းသိလို့ ထင်​ အိုင်​ဗန်​သူ့ကိုအရမ်းကြီးပိတ်​ပင်​တားဆီးထားတာမျိုး​တော့မရှိ။ သက်​​တော်​​စောင့်​​တွေ​ဘေးမှာအမြဲရှိ​ပေမယ့်​ ချန်​အန်းက 'လိုက်​မလာနဲ့' လို့​ပြောရင်​ သူတို့တကယ်​ပဲ လိုက်​မလာကြ​တော့။

ချန်​အန်း ဒီဝက်​ဝံဘာ​တွေစဉ်းစား​နေသလဲ တကယ်​ကိုအ​ဖြေရှာမရ​တော့။ ဒီ​နေ့မနက်​ ဆရာဝန်​ကသူ့ကိုပြန်​​ကောင်းသွားပြီလို့​ပြော​တော့ သူ့နဲ့အိုင်​ဗန်​ကျွန်း​ပေါ်လမ်း​လျှောက်​ထွက်​ပြီး သံသယကပိုကြီးလာသည်​။

"ဘာလဲ ​နေရာ​ပြောင်း​တော့မှာလား?'' ချန်​အန်း ၊ အိုင်​ဗန်​ကိုကြည့်​ပြီး ရွက်​​လှေ​ပေါ်ခုန်​တက်​လိုက်​သည်​။

လုဖုန်းသူ့ကိုအကျဉ်းချူပ်​ထားတုန်းကလည်း အမြဲ​နေရာ​ပြောင်းခဲ့တယ်​။ သုံးလတစ်​ခါ သူ့ကို​မေ့​အောင်​လုပ်​ပြီး အခြားကျွန်းကို​ရွေ့​လေ့ရှိတယ်​။ ဒါ​ကြောင့်​ သူ့လုပ်​​ဖော်​ကိုင်​ဖက်​သစ္စာ​စောင့်​​ဟောင်း​တွေ ရှာချင်​ရင်​​တောင်​မှရှာမ​တွေ့နိုင်​ခဲ့ဘူး။

အခုအချိန်​ ချန်​ယန်းနဲ့တင်းရှန်း​တော့သူ့ကိုရှာ​နေ​တော့မယ်​ဆိုတာ ချန်​အန်းယုံတယ်​။ ကြည့်​ရတာ အိုင်​ဗန်​ကသူ့ကို​ခေါ်သွားဖို့ ​နေပြန်​​ကောင်းလာတဲ့အထိ​စောင့်​​နေတာပဲ ဖြစ်​ရမယ်​။

"​ဘေဘီ ဒါ​နေရာ​ပြောင်းတယ်​မ​ခေါ်ဘူး ။ ပင်​လယ်ဟန်​နီးမွန်းထွက်​တယ်​​ခေါ်တယ်​''

Rebirth of Chen An【Zaw + uni】Where stories live. Discover now