အခန်း(၁၁၁) ဘယ်​သူ့အတွက်​လဲ

9.1K 1.1K 40
                                    

အခန်း (၁၀၁) ဘယ်​သူ့အတွက်​လဲ

သစ်​သားဂို​ထောင်​​လေးအပြင်​မှ​ကောင်းကင်​ကြီးသည်​ မှိုင်း​ဝေ​နေ၏။ အညို​ရောင်​တိမ်​တိုက်​များကြား အပြာ​ရောင်​မိုးသားပင်​မမြင်​ရ မိုးဖွဲ​လေးများကအဆက်​မပြတ်​ဆင်းကျ​နေပြီး အမျိုးသားနှစ်​ဦးက တံမြိတ်​စက်​​အောက်​တွင်​ရပ်​​နေသည်​။

အိုးရန်​ပိုင်​ရှားကသူ့နံ​ဘေးမှ​အေးစက်​စက်​အမျိုးသားကိုလှည့်​ကြည့်​လိုက်​သည်​။ အမြဲတ​စေတည်​ညိမ်​​နေသည့်​သူ့မျက်​ဝန်းညိုများက ဒီတစ်​ခါမှာ​တော့အနက်​ရှိုင်းဆုံး​နေရာကခံစားချက်​များ​ရောယှက်​​နေသ​ယောင်​ ''မင်းမြင်​တဲ့အတိုင်းပဲ မင်းနဲ့အိုင်​ဗန်​ကြားဘာပြသာနာ​တွေရှိ​နေပါ​စေ အခု​လော​လောဆယ်​ အိုင်​ဗန်​နဲ့မင်းသားဟခ်ျ့​ကြားက ပြသာနာကမ​ဖြေရှင်းရ​သေးဘူး။ ဒါ​ကြောင့်​သူ့ကို​တော့မင်းလက်​ထဲမထည့်​​ပေးနိုင်​ဘူး''

အသံကမ​ပြောင်းလဲဘူးထင်​ရ​သော်​လည်း အိုင်​ဗန်​နှင့်​စကား​ပြောတုန်းကထက်​ပိုနူးညံ့​နေမှန်း ​သေချာနား​ထောင်​ကြည့်​လျှင်​ခံစားမိနိုင်​သည်​။

"​ကောင်းပြီ​လေ'' ​လေကိုအင်​မတန်​​ချွေတာသည့်​ လုဖုန်းမှာရှည်​ရှည်​​ဝေး​ဝေးပြန်​မ​ဖြေ မိုး​ရေ​ကြောင့်​စိုစွတ်​​နေသည့်​​မြေပြင်​ကိုသာ ငုံ့ကြည့်​​နေ၏။ မျက်​ဝန်းများက​ရေ​သေနှယ်​ မည်​သည့်​ခံစားချက်​များကိန်း​အောင်း​နေသလဲ မသိမမြင်​နိုင်​။

အိုးရန်​ပိုင်​ရှား ၏မျက်​ခုံးအနည်းငယ်​တွန့်​သွားပြီး ​လေသံကအနည်းငယ်​မြန်​သွားသည်​။ ''မင်းအိုင်​ဗန်​​ကြောင့်​လာခဲ့တာမဟုတ်​ဘူးလား''

အနည်းငယ်​​မှေးကျဉ်းသွားသည့်​ လုဖုန်းမျက်​ဝန်းများက ထိုအ​မေး၏အ​ဖြေကို​ဖြေလိုက်​ပြီးသလို အိုးရန်​ပိုင်​ရှား နားလည်​လိုက်​သည်​။ အိုင်​ဗန်​အတွက်​မဟုတ်​ရင်​ ဘယ်​သူ့အတွက်​လဲ။ ရုတ်​တရပ်​ အိုင်​ဗန်​နံ​ဘေးမှာထိုလူစိမ်းကို အိုးရန်​ပိုင်​ရှား သတိရမိသွားသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now