အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။

10.1K 851 106
                                    

အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။

တင်းနစ်ကစားသမားလင်ဟောက်ဟာ အာရှလူငယ်အားကစားတွေထဲက ထူးချွန်တဲ့သူတစ်ယောက်ဖြစ်၏။ တင်းနစ်လောကကို လူဖြူတွေသာကြီးစိုးနိုင်တယ်ဆိုတဲ့အယူကို လွန်ခဲ့တဲ့ငါးနှစ်ကလင်ဟောက်ဆိုတဲ့တရုတ်လေးဝင်လာပြီးတော့ချိူးဖြတ်ခဲ့သည်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကဖြည်းဖြည်းမှန်မှန်နဲ့ပဲသွားပြီး နိုင်နိုင်ရှုံးရှုံး သူ့ရဲ့ပွဲကိုသူနိုင်အောင်ကနိုင်သည်။ ဒီလိုနဲ့လင်ဟောက်ဟာ အာရှနံပါတ်တစ်တင်းနစ်ကစားသမားဆိုတဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်ကြောင်း သူ့ရဲ့အရည်အချင်းနဲ့ကမ္ဘာ့ကိုသက်သေပြခဲ့သည်။ အခုတော့ သူဟာ world championship အတွက်မျှော်မှန်းထားပြီး အနိုင်ရနိုင်သည့်ချန်ပီယံအလောင်းအလျာအနေနဲ့လည်း အများကမျှော်လင့်ထားကြသည်။

ချန်အန်းလည်းအားကစားပွဲတွေကြည့်ရတာဝါသနာပါခဲ့ပြီး တင်းနစ်လည်းကစားဖူးခဲ့သည်။ သို့ပေမယ့်လည်း နောက်ပိုင်းကျန်းမာရေးအခြေအနေကသူ့ကို တင်းနစ်ကွင်းထဲကြာကြာနေခွင့်မပေးတာကြောင့်အကျင့်ပျက်သွားခဲ့သည်။ အခုတော့ ကျန်းမာတဲ့ခန္ဓာကိုယ်ပြန်ရထားပြီမို့ အချိန်အားရင်လုဖုန်းနဲ့အတူဆော့လည်းမဆိုးပေဘူးပဲ။

ကစားပွဲကိုကြည့်နေရင်း ချန်အန်းတော်တော်ကြာမှသတိထားမိလိုက်သည်က သူ့နံဘေးကအမျိူးသားဟာကစားပွဲကိုလုံးဝစိတ်ဝင်စားမှုရှိမနေဘူးဆိုတာပါပဲ။ လုဖုန်းဟာသူ့ကိုတိတ်တိတ်လေးစောင့်ကြည့်နေတယ်။ ဒါကလည်းအရမ်းကိုသိမ်မွေ့တဲ့အကြည့်မျိူးနဲ့ဆိုတာ ချန်အန်းခံစားမိနေသည်။

သူ့ရဲ့သရုပ်မှန်ကိုဖော်ပြတာတစ်ပတ်လောက်ရှိပြီဆိုပေမယ့် လုဖုန်းကတော့ အိမ်မက်မက်နေတယ်လို့အခုထိထင်နေသေးပုံပါပဲ။

'' မင်းငါ့ကိုအဲ့လိုစိုက်ကြည့်နေတာဘာနဲ့တူလဲသိလား'' ချန်အန်းအနေနဲ့လုဖုန်းခံစားချက်ကိုနားလည်နိုင်ပါတယ်။ တကယ်လို့သူ့ညီကျန်းလဲ့သာအခုလိုပြန်ရောက်လာရင် သူလည်းအိမ်မက်မက်နေတယ်လို့ထင်နေမှာပဲ။

ချန်အန်းပြုံးလိုက်ရင်းစကားကိုဆက်လိုက်တယ်။ '' အချစ်ရူးတစ်ယောက်နဲ့တူတယ်''

Rebirth of Chen An【Zaw + uni】Where stories live. Discover now