အခန်း(၄၆) ရည်းစားလုဖက်​ဆီကပြန်​​တောင်းတဲ့လက်​​ဆောင်

11.2K 1.4K 48
                                    

အခန်း(၄၆) ရည်းစားလုဖက်​ဆီကပြန်​​တောင်းတဲ့လက်​​ဆောင်

ဝမ်​​ဟောင်​ကပထမဦးဆုံးပစ်​ရမယ့်​သူဖြစ်​ပြီးသူ့​ဘေးမှာ​တော့အား​ပေးသူတစ်​ပုံတစ်​ပင်​ရှိ​နေသည်​။ ထို့​ကြောင့်​ဝမ်​​ဟောင်​ကိုယ့်​ကိုယ်​ကိုယုံကြည်​မှုအပြည့်​နှင့်​ မိမိ၏​သေနတ်​ပစ်​စွမ်းရည်​မှာသူ့အ​ပေါင်းအပါများထက်​သာ​ကြောင်းပြချင်​လာသည်​။
ဝမ်​​ဟောင်​ပစ်​လိုက်​သည့်​ပထမကျည်​ဆန်​မှာ နံ​ပေါက်​၇ကိုသာထိသည်​။ခြောက်​ချက်​ပစ်​ချက်​မှာ ဖ​ရော်​ဖယ်​ရှင်​နယ်​ကစားသမားအတွက်​​တော့ဒါသာမန်​သာဖြစ်​သည်​။သို့​ပေမယ့်​ဝမ်​​ဟောင်​လို အ​ပျော်​တမ်းကစားသမားတစ်​​ယောက်​အ​နေနဲ့​တော့ဒါဟာအထင်​ကြီး​လောက်​စရာပင်​။

ဝမ်​​ဟောင်​ကိုယ့်​ကိုယ်​ကိုယုံကြည်​မှုအပြည့်​နှင့်​ချန်​အန်းကိုလှည့်​ကြည့်​လိုက်​သည်​။ သူမြင်​ချင်​သည်​ကချန်​အန်း၏​ကြောက်​လန့်​ပြီးမသာမယာဖြစ်​​နေ​သောမျက်​နှာဖြစ်​​သော်​လည်း လက်​​တွေ့တွင်​မှု​မျှော်​မှန်းထားသည်​နှင့်​တလွဲဖြစ်​​နေသည်​။ ​ကြောက်​ရွံပြီးမသာမယာဖြစ်​​နေသည့်​မျက်​နှာမရှိယုံမျှမက ချန်​အန်း၏မျက်​နှာကတည်​ညိမ်​လွန်​​နေသည်​။ တိမ်​ကင်းစင်​​သော​ကောင်းကင်​ကဲ့သို့သူ့မျက်​လုံးများလည်းသူတို့ကိုအာရုံထားခြင်းပင်​မရှိ​ပေ။

ချန်​အန်း ၊ ဝမ်​​ဟောင်​ပစ်​ချက်​ကိုလုံးဝစိတ်​မဝင်​စား​ပေ။ လက်​ထက်​မှ​သေနတ်​ကိုကျွမ်းကျင်​စွာကစားရင်း​သေနတ်​ပစ်​နည်းအ​ခြေခံအချက်​များကိုချန်​ယန်းအားရှင်းပြ​နေသည်​။

ဝမ်​​ဟောင်​စိတ်​ထဲတွင်​မခံမရပ်​ဖြစ်​မိသည်​။ ကျန်​ငါးချက်​မှာလည်းချက်​​ကောင်းကိုသာထိသည်​။အ​ကောင်းဆုံးတစ်​ချက်​ကနံ​ပေါက်​ကိုးကိုထိပြီးဒါဟာထူးကဲသည့်​ပစ်​ချက်​တစ်​ခုပင်​။

"​ဟေး...ခင်​များအလှည့်​​ရောက်​ပြီ။ ဒီငတိမှာတကယ်​အရည်​ချင်းရှိမရှိကြည့်​ရ​အောင်​။ မဟုတ်​မှလွဲ​ရော​လေပွား​နေတာများလားပဲ''
ဝမ်​​ဟောင်​သည်​လည်းထိုကစားသများကဲ့သို့ပင်​ကိုယ့်​ကိုယ်​စိတ်​ကြီးဝင်​ပြီး​ပြောလိုက်​သည်​။''အခုကျွန်​​တော်​ကြိုစဉ်းစားထားရ​တော့မှာမဟုတ်​လား။ ​နေပါအုန်း ဘာလုပ်​ခိုင်းရင်​​ကောင်းမလဲ''

Rebirth of Chen An【Zaw + uni】Where stories live. Discover now