အခန်း (၂၆) ​ထောင်​လိုရင်​၊ရာစွန့်

11.5K 1.5K 31
                                    

အခန်း (၂၆) ​ထောင်​လိုရင်​၊ရာစွန့်

အိုင်​ဗန်​၏မျက်​နှာ​ပေးက 'မင်းနဲ့ငါ ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ?'ဆိုတဲ့အထင်​​သေးသည့်​သ​ဘောနှင့်​ချန်းအန်းကိုကြည့်​​နေ၏။
ချန်​အန်း ''ဟန့်​!'' ခနဲ မြည်​သံနှင့်​သ​ရော်​လိုက်​သည်​။
ချန်​အန်းလည်းပဲ အိုင်​ဗန်​လို တစ်​ကိုယ်​​ကောင်းဆန်​အတ္တကြီးအခြားလူကိုစိတ်​အ​နှောက်​အယှက်​​ပေးတတ်​သည့်​သူမျိုးကို သ​ဘောမကျနိုင်​​ပေ။ (T-နှစ်​​ယောက်​သားဘာထူးတာကျ)
ဒါ​ပေမယ့်​ သူအခုအိုင်​ဗန်​ကိုအခန်းထဲက​ခေါ်ထုတ်​သွားဖို့နည်းလမ်းရှာရမယ်​၊ ဒါဆိုရင်​တင်းရှန်းကသူ့အ​ပေါ်အ​ကြွေးတင်​သွားလိမ့်​မယ်​။

ချန်​အန်း အိတ်​ကိုယူပြီး အိုင်​ဗန်​ကို​မေးဆက်​ပြရင်း​မေးလိုက်​သည်​။ ''မင်းငါ့အခန်းကိုလိုက်​ချင်​လား''

ဒီလို​မေးခွန်းမျိုးက တစ်​ဖက်​လူကိုလုံးဝအထင်​လွဲသွားနိုင်​တဲ့​မေးခွန်းမျိုးပဲ။အထူးသဖြင့်​အိုင်​ဗန်​ဆီကစကားကိုကြားပြီးပြန်​​ဖြေတဲ့အခါ​ပေါ့။ ကြားရတဲ့ဘယ်​သူမဆို အဖိတ်​ခံရတယ်​လို့ထင်​နိုင်​ဖွယ်​ရှိတယ်​။
အိုင်​ဗန်​ အ​စောက '​ကျေနပ်​' ခဲ့ပြီး ဒီသာမညလူအ​ပေါ်ကို လိုချင်​စိတ်​​တွေမရှိ​တော့ဘူးဆို​ပေမယ့်​လည်း အခုလို လိုက်​ပို့ဖို့ ဖိတ်​​ခေါ်ခံရတဲ့အခါ သူရင်​ထဲမှာတစ်​ခုခုကမှားယွင်း​နေပြီး ထိန်းချူပ်​မရဖြစ်​လာသည်​။ အခုလက်​ရှိ​လေထုထဲမှာလည်း​မွှေးပျံ့​နေသည့်​ဆပ်​ပြာနံ့ ကိုသူခံစား​နေရသည်​။ ထိုရနံ့ ကတကယ်​ကို​ကောင်းသည်​။

"မင်းလမ်းဝက်​မှာမူးပြီးလဲသွားမှာစိုးလို့ ကိုယ်​လိုက်​ပို့​ပေးပါမယ်​'' ​ရေရာတဲ့အ​ကြောင်းပြချက်​​ပေးပြီး အိုင်​ဗန်​အိပ်​ရာ​ပေါ်ကထလိုက်​သည်​။

အ​စောကထူးခြားပြီး​အေးစက်​တဲ့ပုံစံဖမ်းထားတာ​တွေကအခု​တော့ ​ပျောက်​ကုန်​သွားပြီလား။ ဒီချန်​အန်းဆိုတဲ့လူက စီးပွားပျက်​ထားတာ ။ ပိုက်​ဆံပျက်​​နေတာ​ကြောင့်​ သူငါ့ကိုမြူဆွယ်​ချင်​​နေတာများလားလို့ အိုင်​ဗန်​​တွေးမိသည်​။ တကယ်​ဟုတ်​ရင်​လည်း အိုင်​ဗန်​အတွက်​ကိစ္စမရှိ​ပေ။ တစ်​ခါတစ်​​လေ ဟင်းပွဲ​ပြောင်းစားရတာလည်း အရသာမဆိုးပါဘူး။
ချန်​အန်းသူ့ကိုပိုက်​ဆံ​ကြောင့်​မြူဆွယ်​ချင်​တာများလားဆိုတဲ့အ​တွေး​ကြောင့်​ အိုင်​ဗန်​စိတ်​​လျော့သွားသည်​။သူ့မှာအ​ပေါဆုံးကပိုက်​ဆံပဲ​လေ။ ချန်​အန်းလိုလူ​တွေအတွက်​သူ့အ​နေနဲ့ပြသာနာမရှိဘူး။
စိတ်​လှုပ်​ရှားစွာနဲ့ပဲ အိုင်​ဗန်​ ၊ ချန်​အန်း​နောက်​ကိုအမြန်​လိုက်​သွားလိုက်​သည်​။ အထူးသက်​​တော်​​စောင့်​နှစ်​​ယောက်​ကလည်းအိုင်​ဗန်​သွားသည်​နှင့်​ အိုင်​ဗန်​​နောက်​လိုက်​လာကြသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now